News

POST TAGGED AS

ငါးလုပ်ငန်းအဖွဲ့

ဆော်ဒီအာရေဗျနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ ငါးတင်ပို့မှုကို ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ရပ်ဆိုင်းရန် ကြေညာချက် ထုတ်ပြန်ထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံ၊ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနထံ မတ်လတတိယပတ်အတွင်းက တရားဝင်စာပို့ အကြောင်းကြားထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ဧရာဝတီတိုင်း ၂၀၁၇ - ခုနှစ်၊ ရေချိုငါးလုပ်ငန်း ဥပဒေကြမ်းနှင့်စပ်လျဉ်းသော လေ့လာစိစစ်တွေ့ရှိချက်ကို ဥပဒေပြုရေးကော်မတီက တိုင်းလွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေကြမ်းကို မတ်လ ၂၈ ရက်တွင် ကျင်းပသည့် လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ယခုနှစ် ငါးမဖမ်းရကာလ၌ မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးဖမ်းခွင့် လုံးဝပိတ်ပင်လိုက်ခြင်းကို လျှော့ပေါ့၍ ငါးဖမ်းခွင့် ၃၀ ရာခိုင်နှုန်း ခွင့်ပြုပေးရန် ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များက ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြတောင်းဆိုထားကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ငါး၊ ပုစွန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မတ်လအတွင်း ချင်းပြည်နယ် ငါးလုပ်ငန်းအဖွဲ့ကို ဟားခါးမြို့၌ စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။