News

POST TAGGED AS

ငါးဖမ်းလုပ်ငန်း

မြန်မာ့ပင်လယ်ပြင်တွင် လေပြင်းကျ၍ ပျောက်ဆုံးနေသော ကျားဖောင်လုပ်သား ၄၈ ဦးအနက် ၁၀ ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိထားကြောင်း ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝါဝါသိန်းက ပြောကြားသည်။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာတွင် ဒီဇင်ဘာလ ၆ ရက် နံနက် ၉ နာရီခွဲက ချောင်းအတွင်း ခိုးချထားသည့် ငါးဖမ်းပိုက်များကို ဖြုတ်ယူသိမ်းဆည်းခဲ့သည့် အမျိုးသားတစ်ဦးမှာ ကိုင်းခုတ်ဓားဖြင့် ခုတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဖျာပုံမြို့မှ ရေမိုင် ၄၅ မိုင်အကွာ ပင်လယ်ရေလံ ၂၂ လံရှိနေရာတွင် ရေယာဉ်အမှတ် ၁၅၇ “ရွှေပင်လယ်” အမည်ရှိ ငါးဖမ်း(ဆွဲပိုက်)ရေယာဉ်မှာ ဒီဇင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲက နေရာရွှေ့ပြောင်းစဉ် လှိုင်းကြီးသဖြင့် သင်္ဘောနစ်မြုပ်ရာမှ ရေလုပ်သားတစ်ဦးသေဆုံးပြီး၊ လေးဦးပျောက်ဆုံးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မြန်မာ့ပင်လယ်ပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများတွင် ငါးဖမ်းလှေစောင့်ကြည့် ကိရိယာစနစ် (Vessel Monitoring System-VMS) တပ်ဆင်နိုင်ရေးအတွက် ပြင်သစ်နိုင်ငံမှ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Agency of French Cooperative (AFC) နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ဒေသခံ ငါးဖမ်းလှေများအတွက် ကမ်းနီးငါးဖမ်းလိုင်စင်များ အမြန်ချထားပေးရန် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ရေလုပ်သားများက နိုင်ငံတော် သမ္မတထံသို့ စာပေးပို့ အသနားခံထားသော်လည်း ၂ လ ကျော်ကြာမြင့်သည်အထိ တစ်စုံတစ်ရာအကြောင်း ထူးခြားမှု မရှိသေးကြောင်း စုပေါင်း အသနားခံစာ တင်ပြထားသူများထံမှ သိရသည်။
မြိတ်ကျွန်းစုရေပြင်တွင် သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကမ်းဝေးငါးဖမ်းရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ရေလုပ်သား ၂ ဦး သေဆုံးခဲ့ရကြောင်း မြိတ်မြို့မရဲစခန်းနှင့် ယင်းလှေပေါ်ပါ ရေလုပ်သားများထံမှ သိရသည်။
ငါးဖမ်းရာသီ စတင်ပြီ ဖြစ်သော်လည်း ငါးဖမ်းလိုင်စင် ချထားပေးခြင်း မရှိသေးသဖြင့် ကမ်းနီးငါးဖမ်းလိုင်စင်များ အမြန်ချထားပေးရန် လောင်းလုံးမြို့နယ် အတွင်းရှိ ရေလုပ်သားများက နိုင်ငံတော်သမ္မတထံသို့ စာပေးပို့ အသနားခံလိုက်ကြသည်။
ငါးဖမ်းဆီးမှု နည်းလာတဲ့ နောက်ဆက်တွဲရလဒ် အဖြစ် ပင်လယ်ပြင်ကို အားကိုးနေရသူတွေ စားဝတ်နေရေး ခက်ခဲလာတာကြောင့် ဒေသနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လုပ်ငန်းရှင်တွေကို တိုက်တွန်းချင်တယ်။ အစိုးရပိုင်းကလည်း ပစ်မထားသင့်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
"ဒီကိစ္စ (တရားမ၀င်နည်းနဲ့ငါးဖမ်း ဆီးခြင်း) တွေက အပြောများလာတယ်။ ဘက်ထရီရှော့ခ်တိုက်ဖမ်းတာမျိုးပေါ့။ ဒါ့ ကြောင့် အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူမှာပေါ့။ ကိုယ်တို့က မြို့ နယ်ဦးစီးမှူးလောက်ပဲ ပြောလို့ရတာကို။ ပူးပေါင်းပြီးတော့လုပ်မှရမယ်။ ဒီတစ်ပတ် ထဲမှာ အစိုးရကိုစာတင်မယ်။ အစိုးရလမ်း ညွန်ချက်ယူမယ်"
မြိတ်ခရိုင်အတွင်းမှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တင်ပို့ရောင်းချမည့် ရေထွက် ပစ္စည်းများအတွက် တရားဝင် ငါးဖမ်းလက်မှတ် (Catch Certificate) များကို ခရိုင်နှင့်တိုင်း ငါးဦးစီး လက်မှတ်များဖြင့် ထုတ်ပေး သွားမည်