News

POST TAGGED AS

ငါးဖမ်းလုပ်ငန်း

18-Jul-2018

ကလေး ထိုင်း
အောက်ဆီဂျင်ဘူးများလာပို့ပြီး အပြန်ဂူတွင်းအောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့သူ ရေငုပ်သမားကို ထိုင်းကလေးငယ်များ ပူဆွေးလွမ်းဆွတ်


ဘန်ကောက်၊ ဇူလိုင် ၁၆

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်ရှိ ဂူကွန်ရက်အတွင်း ပိတ်မိနေခဲ့စဉ် ကယ်ထုတ်ရန်ကြိုးပမ်းကြရာ၌ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့သူ ထိုင်းရေတပ်မှ ရေငုပ်သမားကို ကလေးငယ် ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြဖြစ်သူတို့က ပူဆွေးလွမ်းဆွတ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ရေငုပ်သမား ဆမန်ဂူနန်သည် ဂူအတွင်းပိတ်မိနေသည့် ကလေးငယ်များအတွက် အောက်ဆီဂျင်ဘူးများထောက်ပံ့ပေးပို့ပြီးနောက် အပြန်၊ ဇူလိုင် ၆ ရက်နေ့တွင် အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးသွားခဲ့သည်။ 

ရေငုပ်သမား ဆမန်ဂူနန်သည်ကို ထိုင်းနိုင်ငံတွင်းသာမက ဂူသတင်းကို စောင့်ကြည့်ခဲ့ကြသည့် ကမ္ဘာတစ်ဝန်းမှ ပြည်သူများက သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ပြောဆိုခဲ့ကြသည်။ 

ယမန်နေ့က ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ရာတွင် ဂူတွင်းပိတ်မိခဲ့သော ကလေးငယ် ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့သည် ၎င်းတို့ အသက်ရှင်ရေးအတွက် မိမိ၏အသက်ကိုစတေးခဲ့သူ ရေငုပ်သမား ဆမန်ဂူနန်၏အကြောင်းကို ၎င်းတို့အား အသိပေးပြောကြားခဲ့သည်ဟုဆိုသည်။ 

“အားလုံးငိုကြတယ်၊ သူတို့ အင်မတန်ဝမ်းနည်းတဲ့အကြောင်းလည်း ပြောတယ်၊ စာတွေရေးပြီး ပြောသလို ရေငုပ်သမား ဆမန်ဂူနန်ရဲ့ ဓာတ်ပုံကိုလည်း ပုံတူပန်းချီဆွဲကြတယ်၊ ပြီးတော့ တစ်မိနစ်ခန့် ငြိမ်သက်ပြီး အရိုအသေပေးခဲ့ကြတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဂျီဆာဒါချောင်မရွန် ဆတ်က ပြောကြားသည်။ 

တောဝက်လေးများဟု လူသိများသည် ဘောလုံးအသင်းမှ အဆိုပါကလေး ငယ် ၁၂ ဦးနှင့် အသက် ၂၅ နှစ်အရွယ် နည်းပြဖြစ်သူတို့ကို ကျန်းမာရေးအာဏာပိုင်များက ဆေးရုံတွင် အနီးကပ်ကြပ်မတ်စောင့်ကြည့်လျက်ရှိသည်။ 

“သူတို့က ကွယ်လွန်သွားသည့် ရေငုပ်သမားဆမန်ဂူနန်ကို အထူးကျေးဇူးတင်လျက်ရှိပြီး လူတော်လူကောင်းလေးများဖြစ်အောင် ကြိုးစားသွားမည်ဟုလည်း ကတိပြုကြသည်” ဟု ကျန်းမာရေးဌာနက ထုတ်ပြန်သောကြေညာချက်ကဆိုသည်။ 

အခြားသတင်းများအရ ၎င်းတို့သည် မကြာမီရက်ပိုင်းအတွင်း ချင်းရိုင်ဆေးရုံမှ ဆင်းခွင့်ရရှိတော့မည်ဖြစ်သည်။ သို့သော်လည်း ယနေ့အချိန်အထိ ဆရာဝန်များက ၎င်းတို့ကို ပိုးသတ်ဆေးပေးထားသည်ဟု သိရသည်။ 

ထိုင်းကျန်းမာရေးအာဏာပိုင်များက အဆိုပါကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပြဿနာများ ရှိ၊ မရှိကို အနီးကပ်စောင့်ကြည့်သွားမည်ဟုလည်း ဆိုသည်။ 

F-01



FOLLOW US