News

POST TAGGED AS

ငါးဖမ်းခွင့်ပိတ်

ကင်းမွန်ဖမ်းဆီးသည့် လုပ်ငန်းများကို လိုင်စင်ထုတ်ပေးရန် တင်ပြ


ရန်ကုန်၊ ဖေဖော်ဝါရီ ၄ 

တနင်္သာရီတိုင်းဒေသကြီးရှိ ကင်းမွန်ဖမ်းဆီးသည့် လုပ်ငန်းများသည် ငါးဖမ်းလိုင်စင် မရရှိသေးသည့်အတွက် ပင်လယ်ပြင်သို့ထွက်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ငါးဖမ်းလုပ်ငန်းလိုင်စင် (သို့မဟုတ်) ယာယီလိုင်စင်များ ထုတ်ပေးရန် အစိုးရထံ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းထံမှ သိရသည်။ 

ကင်းမွန်ဖမ်းသည့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန၏ သတ်မှတ်စည်းမျဉ်း ဥပဒေနှင့်အညီ လှေဂရန်၊ စက်ဂရန်များ ရှိသော်လည်း ငါးဖမ်းလိုင်စင် မရရှိခြင်းဖြစ်ပြီး တနင်္သာရီတိုင်း ရေတပ်စစ်စခန်းဌာနချုပ်အနေနှင့် တရားမဝင် ကင်းမွန်ငါးဖမ်းယာဉ်များကို ဖမ်းဆီးမည်ဟု တနင်္သာရီတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း ယင်းအသင်းထံမှ သိရသည်။ 

တရားမဝင်လှေများကို ဖမ်းဆီးမည်ဆိုပါက ယင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများအတွက် ဘဝအာမခံချက်ရရှိရန် ငါးဖမ်းလုပ်ငန်း လိုင်စင်မရရှိသေးသည့် ကာလအတွင်း ပင်လယ်ပြင်သို့ ငါးဖမ်းထွက်နိုင်ရန်အတွက် ယာယီလိုင်စင်ရရှိရေး ဆောင်ရွက်ပေးရန်အပြင် ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့တွင် ဒေသခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်၊ အပန်းဖြေစခန်းများ တည်ဆောက်ရန် ကမ်းခြေရှိ သစ်တောများကို ရင်းနှီးမြှုပ်နှံလိုသူများ ပေါ်ပေါက်လာပါက ရင်းနှီးမြှုပ်နှံခွင့်ပြုရေးကိုလည်း ထည့်သွင်းတင်ပြထားကြောင်း တနင်္သာရီတိုင်း ကုန်သည်စက်မှုအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောကြားသည်။ 
 
J-11



FOLLOW US