News

POST TAGGED AS

ငါးဖမ်းခွင့်ပိတ်

ယခုနှစ် ငါးမဖမ်းရကာလ၌ မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးဖမ်းခွင့် လုံးဝပိတ်ပင်လိုက်ခြင်းကို လျှော့ပေါ့၍ ငါးဖမ်းခွင့် ၃၀ ရာခိုင်နှုန်း ခွင့်ပြုပေးရန် ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များက ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြတောင်းဆိုထားကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ယခင်နှစ်များက ငါးမဖမ်းရကာလတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ရာခိုင်နှုန်းတစ်ခုသတ်မှတ်၍ ငါးဖမ်းခွင့်ပြုခဲ့သော်လည်း ယခုနှစ်၌ ငါးဖမ်းခွင့်လုံးဝပိတ်ပင်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။