News

POST TAGGED AS

ငလျင်

12-Mar-2018 tagged as ငလျင် မန္တလေး
မြန်မာနိုင်ငံ၌ ယခုနှစ်ဆန်းပိုင်းအတွင်း ငလျင် ၅၂ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောကြားသည်။
မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းသွားသော စစ်ကိုင်းပြတ်ရွေ့ အနာဂတ်ကာလတွင် ငလျင်လှုပ်နိုင်ခြေ ရှိ မရှိ သိရှိနိုင်ရန် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးကာ သုတေသနလုပ်ရန်ရှိနေကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။
ပါပူဝါနယူးဂီနီ တောင်ပေါ်ဒေသတွင် လွန်ခဲ့သောဆယ်ရက်ကျော်က လှုပ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ရှိလာခဲ့ပြီဟု ယုံကြည်ရပြီး ပြန်လည်ထူထောင်ရန် အချိန်ယူရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
08-Mar-2018 tagged as ငလျင် မန္တလေး
အစိုးရရုံးစိုက်ရာ နေပြည်တော်အနီး အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ မတ်လ ၈ ရက်နေ့ နံနက် ၃ နာရီ ၄၃ မိနစ်ခန့်က အင်အားရစ်ခ်တာစကေး ၅ ဒသမ ၅ ဖြင့် အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ရာ စေတီပုထိုးနှင့် လူနေ အဆောက်အအုံအချို့ ကွဲအက်ပျက်စီးမှုများ ရှိခဲ့သည်။
27-Feb-2018 tagged as ငလျင် မန္တလေး
မန္တလေးမြို့အနောက်ဘက်တွင် ရှိနေသော စစ်ကိုင်းပြတ်ရွေ့အပိုင်းသည် ငလျင်လှုပ်နိုင်ခြေ ပိုမိုမြင့်မားလာကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။
စစ်ကိုင်းမြို့နယ် ရေခါးအင်းမြောက်ဘက်အနီး စစ်ကိုင်းပြတ်ရွေ့အပိုင်းကို အမေရိကန်အပါအဝင် ၁၀ နိုင်ငံမှ ပညာရှင်များက ကွင်းဆင်းသုတေသန ပြုလုပ်နေကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အင်အား အနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲထံမှ သိရသည်။
ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီလ ၆ ရက်အထိ အင်အား အသင့်အတင့်ရှိ ငလျင် ၁၅ ကြိမ်ခန့် လှုပ်ခဲ့သော်လည်း ယင်းငလျင်များမှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် မဟုတ်သဖြင့် လက်ရှိအထိ စိုးရိမ်ဖွယ်ရာမရှိသေးကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သဗ္ဗညုဘုရားကြီးကို ပြုပြင်မှုများလုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံမှ ပညာရှင်များ ဒုတိယအကြိမ် ကွင်းဆင်းလေ့လာ သုတေသနလုပ်ဆောင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းသွားသော စစ်ကိုင်းပြတ်ရွေ့ ငလျင် လှုပ်နိုင်ခြေရှိ မရှိ သိရှိနိုင်ရန် ပထမဦးဆုံးအကြိမ်အဖြစ် မတ်လအတွင်း ကောင်းကင် ဓာတ်ပုံရိုက်ကူးကာ သုတေသနပြုလုပ်နိုင်ရေး စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။