News

POST TAGGED AS

ငလျင်

24-Apr-2018

ငလျင်
ကလေးဝမြို့အနီး ဗဟိုပြု၍ ငလျင်လှုပ်


ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့အနီးကို ဗဟိုပြု၍ ယနေ့ (ဧပြီ ၂၄ ရက်) နံနက် ၁၀ နာရီ ၃၉ မိနစ်ခန့်က အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါမြေငလျင်သည် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၁၈) မိုင်ခန့်အကွာ ကလေးဝမြို့၏ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အားရစ်ခ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိသည်။ 

ယင်းငလျင်လှုပ်ခတ်မှုကို မုံရွာ၊ ကနီ၊ ကလေးဝအစရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် နေထိုင်သူများ သိသာစွာခံစားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထမံသီမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။

E-03

  • VIA


FOLLOW US