News

POST TAGGED AS

ဂျာမန်

24-Jan-2017

ဂျာမန်
ကမ္ဘာ့ပြဿနာများကို ပေါ်ပြူလာဝါဒဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ဟု ဂျာမန်ခေါင်းဆောင် မာကယ်လ် သတိပေး
ဘာလင်၊ ဇန်နဝါရီ ၂၄

ကမ္ဘာကြီး၏ ဂလိုဘယ်လိုက်ဇေးရှင်း၊ ဒီဂျစ်တယ် ခေတ်ပြောင်းခြင်းတို့၏ စိန်ခေါ်မှုများကို ပေါ်ပြူလာဝါဒ၊ အစွန်းရောက်မှုနှင့် သီးခြားနေခြင်းတို့က ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပွင့်လင်းမှုကသာ ဖြေရှင်းနိုင်လိမ့်မည်ဟု ဂျာမနီ၏ အဓိပတိ အင်ဂလာ မာကယ်လ်က သတိပေးသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“ဂျာမနီ ပြန်လည် ပေါင်းစည်းပြီးတဲ့အချိန်၊ စစ်အေးခေတ် ပြီးဆုံးပြီးနောက် ရာစုနှစ်လေးပုံ တစ်ပုံ ကြာလာတဲ့အခါမှာ  သမိုင်းခေတ်သစ် တစ်ခုက အခြားတစ်ခုကို အစားထိုးလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်”ဟု မာကယ်က ဝူဇဘတ်မြို့တွင် ဘုရားကျောင်းရှိ ခေါင်းဆောင်များကို ပြောကြားလိုက်သည်။

သေးငယ်သည့် ကမ္ဘာပုံစံသို့ ပြန်သွားရန် အချို့က စိတ်ကူးယဉ်နေသော်လည်း မှန်ကန်သည့် အဖြေသည် သီးသန့်နေခြင်း မဟုတ်ဘဲ ပွင့်လင်းမှုသာ ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုလိုက်သည်။

မာကယ်လ်သည် အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ကို တိုက်ရိုက် ရည်ညွန်း ပြောကြားခြင်း မရှိသော်လည်း သူမ၏ ပြောကြားချက်များသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက်များမှ နုတ်ထွက်ခြင်း၊ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများကို တင်းကျပ်စွာ ကိုင်တွယ်ခြင်းတို့ဖြင့် အမေရိကန် ပထမ ဦးစားပေးမူကို ကျင့်သုံးလိုသည့် ထရမ့်၏ ရပ်တည်ချက်များနှင့် ဆန့်ကျင်နေလျက်ရှိသည်။

“ပြဿနာတွေကို ပေါ်ပြူလာဝါဒ၊ အစွန်းရောက်မှုတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် ဘယ်မှရောက်မှာ မဟုတ်ပါဘူး”ဟု ဂျာမန်ခေါင်းဆောင် မာကယ်လ်က သတိပေးသွားသည်။

အရှေ့အလယ်ပိုင်းဒေသမှ မွတ်ဆလင် အများစုပါဝင်သော ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံရန် ခွင့်ပြုပေးခြင်းဖြင့် ကပ်ဘေးဆိုက်လောက်သည့် အမှားကို မာကယ်လ် ကျူးလွန်ထားသည်ဟု ထရမ့်က ပြောကြားထားသည်။

F-05



FOLLOW US