News

POST TAGGED AS

ဂျာမနီ

03-Apr-2018 tagged as ဂျာမနီ ဘာလင်
ဂျာမနီတွင် အထောက်အထားစာရွက်စာတမ်းမရှိသောကြောင့် ပြီးခဲ့သောနှစ်က နေရပ်ပြန်ပို့မှုအစီအစဉ် ရပ်ဆိုင်းထားရသူ ၆၅,၀၀၀ ခန့်ရှိခဲ့ပြီး ယခုအခါ နိုင်ငံကူးလက်မှတ်အသစ် ရရှိရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်း မပြုသူများကို ပြစ်ဒဏ်ပေးတော့မည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ကုလလုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံထဲတွင် ပါဝင်နိုင်ရေးအတွက် စည်းရုံးမြှင့်တင်နေသော ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်းကိုမာ့စ်က ကုလသမဂ္ဂ ပိုမိုခိုင်မာတောင့်တင်းရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။
31-Mar-2018 tagged as ပညာရေး ဂျာမနီ
၁၉၉၀ ပြည့်နှစ်လောက်ဆီက ဂျာမနီနိုင်ငံသည် နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်နေရသဖြင့် အမေရိက၊ တရုတ်နှင့် ဂျပန်နိုင်ငံများထက် စီးပွားရေးနှင့်ပညာရေးတို့တွင် နောက်ကျကျန်နေနိုင်ကြောင်း လေ့လာဆန်းစစ်ခဲ့ကြသည်။ သို့သော် ဂျာမနီသည် သူ့နည်းသူ့ဟန်ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်ခဲ့သည်။ ပညာရှင်များက ဂျာမနီနိုင်ငံတွင် ဆီလီကွန်တောင်ကြားလို နည်းပညာရပ်ဝန်းမရှိ၊ တရုတ်နိုင်ငံလို ဈေးပေါပေါနှင့် ကုန်ထုတ်လုပ်မှုများကို လုပ်ဆောင်ပေးနိုင်သည့် လူသားရင်းမြစ်လည်းမရှိ ထို့ကြောင့် ဥရောပတွင် အင်အားကြီးသော နိုင်ငံတစ်နိုင်ငံလည်း မဖြစ်လာနိုင်ဟု ယူဆခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်အတွင်း စပိန်နိုင်ငံအတွင်းမှ ကက်တလိုးနီးယားပြည်နယ် ခွဲထွက်ရေး ဦးဆောင်စီစဉ်ခဲ့သည့် ခွဲထွက်ရေးခေါင်းဆောင် ကာလတ်ပူဒီမောင့်ကို ဂျာမနီနိုင်ငံ၌ ထိန်းသိမ်းလိုက်သဖြင့် ထောင်ဒဏ် ၂၅ နှစ်ထိ ကျခံနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီစီးပွားရေးတိုးတက်လာမှုကြောင့် အရေအတွက်များပြားလွန်းသော ရွှေ့ပြောင်းဒုက္ခသည်များ အလုပ်အကိုင်ရရှိကြလိမ့်မည်ဟု ကိန်းဂဏန်းအသစ်များက ပြသနေကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံ စတုဂတ်မြို့မှ ပေါ်တူဂီနိုင်ငံ မြို့တော်လစ်ဇဘွန်းမြို့သို့ ပျံသန်းမည့် ပေါ်တူဂီလေကြောင်းခရီးစဉ်မှာ အရက်မူးနေသော တွဲဖက်လေယာဉ်မှူးကြောင့် ဖျက်သိမ်းလိုက်ရာ ခရီးသည် ၁၀၆ ဦးမှာ လေဆိပ်တွင် နှစ်ရက်ကြာမျှ သောင်တင်ခဲ့ရကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
25-Mar-2018 tagged as ဂျာမနီ
ဂျာမနီနိုင်ငံ စတုဂတ်မြို့မှ ပေါ်တူဂီနိုင်ငံ မြို့တော်လစ်ဇဘွန်းမြို့သို့ပျံသန်းမည့် ပေါ်တူဂီ လေကြောင်းခရီးစဉ်မှာ အရက်မူးနေသော တွဲဖက် လေယာဉ်မှူးကြောင့် ဖျက်သိမ်းလိုက်ရာ ခရီးသည် ၁၀၆ ဦးမှာ လေဆိပ်တွင် နှစ်ရက်ကြာမျှ သောင်တင်ခဲ့ရကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
25-Mar-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမနီအဓိပတိအင်ဂလာ မာကယ်လ်၏ စတုတ္ထသက်တမ်း၊ ပထမဆုံးအဓိက မိန့်ခွန်းကို ပြောကြားခဲ့ရာတွင် ရွှေ့ပြောင်းအခြေချမှု ကိစ္စနှင့်ပတ်သက်၍ ညီညွတ်ရေးလေသံ လွှမ်းနေခဲ့သလို အစ္စလာမ်ဘာသာနှင့်ပတ်သက်၍လည်း အားလုံး ဂျာမနီပြည်သူများသာ ဖြစ်သည်ဆိုသော သတင်းစကားမျိုး ပြောကြားသွားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာတစ်လွှားရှိ နိုင်ငံအများအပြားတွင် ဒီမိုကရေစီဆုံးရှုံးနေကြောင်း ဂျာမနီ ဘာတဲလ်စ်မန်းဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂၉ နိုင်ငံကို လေ့လာမှုအရ အကြွင်းမဲ့အာဏာဖြင့် အုပ်စိုးမှုမြင့်တက်လာနေသည်ဟု သုံးသပ်ထားကြောင်း DW သတင်းဌာနက ဖော်ပြသည်။
ယခုလအစောပိုင်းတွင် ဆီးရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော လက်ယာစွန်းဝါဒီ အတိုက်အခံပါတီ Alternative for Germany (AfD) မှ လွှတ်တော်အမတ်များက ယခုအခါ ဆီးရီးယားနိုင်ငံကို ဘေးကင်းနိုင်ငံအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သောကြောင့် ဒုက္ခသည်များကို ပြန်ပို့နိုင်ပြီဟု သုံးသပ်ခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြထားသည်။