News

POST TAGGED AS

ဂျာမနီ

20-May-2018 tagged as ရုရှား ဂျာမနီ
ဂျာမနီခေါင်းဆောင် မာကယ်လ်သည် ရုရှားသမ္မတပူတင်နှင့် သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံတွင် ရာဇဝတ်မှုဖြစ်ပွားနှုန်း ကိန်းဂဏန်းများကို ပြည်ထဲရေးဝန်ကြီးက အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
မေလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာကျော် နိုင်ငံရေးနှင့် နိုင်ငံရေး ဘောဂဗေဒ အတွေးအခေါ်ပညာရှင် ကားလ်မာ့ခ်စ်၏ နှစ် ၂၀၀ မြောက်မွေးနေ့ အခမ်းအနားကို ယင်းနေ့က ၎င်း၏မွေးရပ်ဇာတိ ဂျာမနီနိုင်ငံ ထရီအာမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ လူပေါင်းများစွာ တက်ရောက်ခဲ့သော်လည်း မာ့ခ်စ်၏ နိုင်ငံရေးအမြင်ကို ဆန့်ကျင်သူများက ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
အဖွဲ့ဝင် ၁၅ နေရာရှိသော ကုလလုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော အလှည့်ကျအဖွဲ့ဝင် နှစ်နေရာအတွက် ယှဉ်ပြိုင်မှုတွင် အစ္စရေးက နောက်ဆုတ်သွားသောကြောင့် လွယ်ကူချောင်ချိသွားပြီး ဂျာမနီနှင့် ဘယ်လ်ဂျီယံတို့ ဝင်ရောက်ယှဉ် ပြိုင်ကြမည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
04-May-2018 tagged as ဂျာမနီ
ဂျာမနီနိုင်ငံ ဘာဒန်-ဝူတမ်ဘာ့ဂ် ပြည်နယ်မှ ပြည်နှင်ဒဏ်ပေးခံရသူကို ကာကွယ်ရန် ရွှေ့ပြောင်းအခြေချသူ ၁၅၀ ခန့်က ရဲကင်းလှည့်ကားနှစ်စင်းကို တိုက်ခိုက်ခဲ့ကြကြောင်း DW သတင်းဌာနက ဖော်ပြသည်။
03-May-2018 tagged as ဂျာမနီ
ဂျာမနီနိုင်ငံ၏ စစ်ဘက်အသုံးစရိတ်သည် ၂၀၁၇ တွင် စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု SIPRI အစီရင်ခံစာတွင် ဖော်ပြထားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မိုက်ပွမ်ပေယိုသည် ဂျာမနီ၏ကာ ကွယ်ရေးအသုံးစရိတ်ကို ပစ်မှတ်ထားဝေဖန်ခဲ့ပြီး၊ သူဝန်ကြီးအဖြစ် တက်ရောက်ရသော ပထမဆုံး နေတိုးဆွေးနွေးပွဲတွင် မဟာမိတ်နိုင်ငံများ ကာကွယ်ရေးဝန်ထုပ်ကို မျှထမ်းကြရေး သမ္မတထရမ့်၏ တောင်းဆိုချက်အတိုင်း ဖိအားပေးခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။
29-Apr-2018 tagged as IS ဂျာမနီ
IS အဖွဲ့ဝင်များ၏ ဇနီးနှစ်ဦးနှင့် ကလေးသုံးဦးသည် အီရတ်မြောက်ပိုင်းမှ ဂျာမနီသို့ ပြန်လာခွင့်ရရှိသွားပြီး ဖမ်းဆီးခံရမည်မဟုတ်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမနီ အဓိပတိမာကယ်လ်နှင့် အမေရိကန်သမ္မတ ထရမ့်တို့က အမေရိက - ဥရောပ ဆက်ဆံရေး အရေးကြီးကြောင်းကို သောကြာနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်သောကြာနေ့က စစ်ရာဇဝတ်ကောင် အဒေါ့ဖ်ဟစ်တလာ၏ မွေးနေ့ဖြစ်ရာ ဂျာမနီအရှေ့ပိုင်းတွင် ရာပေါင်းများစွာသော ခေတ်သစ်နာဇီများ စုဝေးကာ ရော့ခ်ဂီတပွဲတော်ပြုလုပ်ခဲ့ကြောင်း Reuters သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။