News

POST TAGGED AS

ဂျပန်

သန့်ရှင်းရေးအလုပ်ကို အလွန်ပျင်းစရာကောင်းသည့်အလုပ်ဟု ထင်ကြသည်။ မိခင်များကလည်း အခန်းထဲ သန့်ရှင်းရေးလုပ်ပြီးမှ ကစားခွင့်ပေးမည်ဆိုပြီး အမိန့်ထုတ်တတ်သောကြောင့် သန့်ရှင်းရေးဆိုလျှင် မုန်းကြသည်ကများသည်။ ဂျပန်နိုင်ငံတွင် ကိုယ့်စာသင်ခန်းကိုယ်သန့်ရှင်း၊ ကိုယ့်ကျောင်းကိုယ် သန့်ရှင်းဆိုသည်မှာ သူတို့ပညာရေးစနစ်၏ အစိတ်အပိုင်း တစ်ခုလိုဖြစ်နေသောကြောင့် ပျင်းရိစရာ၊ ငြီးငွေ့စရာ ကိစ္စတစ်ခုအနေနှင့် မသတ်မှတ်ကြပေ။
ဂျပန်ရိုးရာနပန်းပွဲတွင် အစဉ်အလာ အမျိုးသားသီးသန့် မူဝါဒ သတ်မှတ်ထားမှုနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် ပြန်လည်ချမှတ်ရေးအစီအစဉ်ကို ဂျပန်ဆူမိုနပန်းအသင်းက ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။
28-Apr-2018 tagged as ဆရာများ ဂျပန်
ဂျပန်နိုင်ငံသတင်းမီဒီယာများက ဂျပန်နိုင်ငံ အစိုးရကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ၆၃ ဦးသည် အလုပ်ပိဒဏ်ကို ခံရပြီး သေဆုံးသွားရကြောင်း ၂၀၁၆ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း အများဆုံးအရေအတွက် ဖြစ်လာကြောင်း ထုတ်ပြန်ချက်ကြောင့် ပညာရေးလောကတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။
21-Apr-2018 tagged as ဂျပန်
ကျိုကိုဆန်သည် အသက် ၂၇ နှစ် ရှိပြီဖြစ်သည်။ သူက အနုပညာကျောင်း တက်နေသည်။ ပန်းချီကို စိတ်ဝင်စားသဖြင့် အထက်တန်းလောက်ကတည်းက လေ့လာလိုက်စားခဲ့သည်။ ဘွဲ့အတွက်လည်း အနုပညာကျောင်းကိုပင် ရွေးချယ်ခဲ့သည်။ ဘွဲ့လွန်လည်း ဆက်တက်သည်။ အနုပညာကိုပဲ လေ့လာသည်။
မိတ်ဆွေပေါင်းသင်းကောင်းစားရေး ခရိုနီဝါဒကျင့်သုံးခဲ့သည်၊ ဖုံးကွယ်ထားမှုများရှိသည်ဟု စွပ်စွဲခံနေရသော ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရအပေါ် ဂျပန်မဲဆန္ဒရှင် ထက်ဝက်ခန့်က မထောက်ခံတော့ကြောင်း ဂျပန်မီဒီယာများက ကောက်ယူသောစစ်တမ်းများကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။
ဧရာဝတီတိုင်းတွင် သောက်သုံးရေသန့်ရရှိစေရန် ဂျပန်အစိုးရက ရွေ့လျားရေသန့် စက်ယာဉ်ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောကြားသည်။
21-Mar-2018 tagged as ဂျပန် နည်းပညာ SME
ပြည်တွင်းမှ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို ဂျပန်နိုင်ငံမှ Japan-Myanmar Economy & Investment Center (JMEIC) အဖွဲ့က နည်းပညာပံ့ပိုးပေးမည်ဖြစ်ကြောင်း JMEIC အဖွဲ့ဥက္ကဋ္ဌ Mr.Noriyuki Yonemura က ပြောကြားသည်။
17-Mar-2018 tagged as ပညာရေး ဂျပန်
၂၀၁၃ ခုနှစ်ကတည်းက OECD အဖွဲ့ဝင်နိုင်ငံများအတွင်း သင်ကြား၊ သင်ယူမှုလေ့လာ ဆန်းစစ်မှုများကို ပြုလုပ်ခဲ့ကြပါသည်။ နိုင်ငံပေါင်း ၃၄ နိုင်ငံအတွင်းရှိ ကျောင်းများကို သွားရောက် လေ့လာခဲ့ကြရာ၌ တအုန်လှုပ်စရာ အဖြစ်အပျက်များကို ရင်ဆိုင်ခဲ့ကြရသည်။
စာရွက်စာတမ်းများကို လိမ်ညာဖော်ပြရန် ပြင်ဆင်ခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆို ဝန်ခံလိုက်ပြီးနောက် ခရိုနီအရှုပ်တော်ပုံနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဖိအားပေးခံနေရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ရိုကိုအေဇူးမားသည် ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွင် ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်အုပ်မှူး ဖြစ်လာသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။