News

POST TAGGED AS

ဂျပန်

28-Aug-2018 tagged as ဂျပန် ပါတီ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သူ၏ အာဏာရပါတီ ခေါင်းဆောင်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင် အရွေးခံသွားမည်ဖြစ်သည်ဟု တနင်္ဂနွေနေ့တွင် ထပ်မံအတည်ပြုခဲ့ပြီး အနိုင်ရရန် ကျိန်းသေသလောက်ရှိသောကြောင့် ဂျပန်သမိုင်းတစ်လျှောက် သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်လာရန် အခြေအနေကောင်းနေသလို သူမျှော်လင့်ထားသလိုအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးမှာလည်း ပိုမိုအားကောင်းလာခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
ဂျပန်နိုင်ငံမှ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ၎င်းတို့ကျောင်းပိတ်ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး လွှတ်တော်ကိုလေ့လာခဲ့ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောကြားသည်။
ဂျပန်နိုင်ငံ သမိုင်းကြောင်းတွင် မည်သို့မျှ မေ့ဖျောက်၍မရနိုင်သော ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲတိုက်ခိုက်ခံရမှု ၇၃ နှစ်ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနားကို ဩဂုတ်လ ၆ ရက်နေ့က တိုကျိုမြို့ အနောက်ဘက်တွင် လူထောင်ပေါင်း များစွာနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း ဂျပန်သတင်းဌာနများက ရေးသားဖော်ပြသည်။
ဂျပန်နိုင်ငံတွင်သာမက ဟောလိဝုဒ် ရုပ်ရှင်လောကတွင်ထင်ရှားသည့် အဆိုတော် သရုပ်ဆောင် အနုပညာများဖြင့် နာမည်ကျော်နေသည့် မိုရီဆာကီဝင်းကို ဂျပန် ခရီးသွားဈေးကွက်အတွက် သံတမန်အဖြစ် ဩဂုတ်လ ၁၈ ရက်တွင် ခန့်အပ်လွှာပေးအပ်ရန် စီစဉ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။
ဂျပန်တွင် အင်အားပြင်း မုန်တိုင်းတစ်ခု တိုက်ခတ်ပြီး အနည်းဆုံး ၁၉ ဦးခန့် ဒဏ်ရာရကာ ဓာတ်အားလိုင်းများ ပြတ်တောက်လျက်ရှိသည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်တွင် ဂျပန်စစ်ကျန်ပစ္စည်းနှင့် ရတနာသိုက်ရှာဖွေရန် ပြည်နယ် အစိုးရက ကုမ္ပဏီတစ်ခုကို စူးစမ်းလေ့လာမှု ပြုလုပ်ရန် ခွင့်ပြုချက် ပြန်ရုပ်သိမ်းခဲ့သဖြင့် ကုမ္ပဏီကလုပ်ငန်းသုံး စက်ပစ္စည်းများကို ဇူလိုင်လ ၁၄ ရက်တွင် အပြီးသိမ်းဆည်းနေကြောင်း ဒေသခံများထံမှသိရသည်။
ဂျပန်နိုင်ငံအနောက်ဘက်ဒေသတွင် နှစ်ပေါင်း ၃၆ နှစ်အတွင်း အဆိုးရွားဆုံးအနေအထားဖြင့် ဖြစ်ပေါ်ခဲ့သော မိုးသည်းထန်စွာရွာပြီး ရေလွှမ်းမိုးမှုကြီးကြောင့် သေဆုံးသူဦးရေ ၂၀၀ နီးပါးခန့်ရှိသွားပြီဖြစ်ပြီး ယခုအခါ ယင်းဒေသများတွင် အပူချိန်မြင့်တက်မှုနှင့် သောက်သုံးရေပြတ်လပ်မှုတို့ကြောင့် ကူးစက်ရောဂါများ ပျံ့နှံ့ဖြစ်ပွားမည့်အနေအထားသို့ ရောက်ရှိနေကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
11-Jul-2018 tagged as ဂျပန် ရေကြီး
ဂျပန်နိုင်ငံအနှံ့တွင် မကြုံစဖူး မိုးသည်းထန်မှုများကြောင့် ရေကြီး၊ မြေပြိုမှုများ အင်္ဂါနေ့က ပိုဆိုးလာခဲ့ပြီး သေဆုံးသူအရေအတွက် ၁၄၁ ဦးအထိရှိလာကာ အသက်ရှင်သူများကို ရှာတွေ့နိုင်မည့် မျှော်လင့်ချက် မှေးမှိန်နေပြီဟု AFP သတင်းတွင် ဖော်ပြထားသည်။
10-Jul-2018 tagged as ဂျပန် ရေကြီး
အခြေအနေဆိုးသောရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်နေသော ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသများတွင် နောက်ထပ်မိုးရွာသွန်းမှုများ ပိုများလာမည်ဟု မျှော်လင့်ရသောကြောင့် မကြုံစဖူး အန္တရာယ်များကို ရင်ဆိုင်နေရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
၁၉၉၅ ခုနှစ်က ဂျပန်မြေအောက်ရထားလိုင်းတွင် ဆာရင်ဓာတ်ငွေ့သုံးပြီး ဓာတုတိုက်ခိုက်မှုပြုလုပ်ခဲ့သော ဥုံရှင်ရီကျို ဂိုဏ်း၏ခေါင်းဆောင် ရှိုကိုအဆာဟာရ အပါအဝင် ဂိုဏ်းဝင်ခုနစ်ဦးကို ကြိုးပေး ကွပ်မျက်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။