News

POST TAGGED AS

ဂျပန်

30-Dec-2016 tagged as ဂျပန်
ဂျပန် ထိပ်တန်းကြော်ငြာ ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Dentsu ရဲ့ စီးအီးအိုဟာ သူ့ကုမ္ပဏီက ဝန်ထမ်းတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီးတဲ့နောက်မှာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရသူများအတွက် အမှတ်တရ ကျင်းပသည့် အခမ်းအနားသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်အတူ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပြီး သူ့နိုင်ငံသည် ဘယ်သောအခါမျှ စစ်ဆင်နွှဲတော့မည် မဟုတ်ကြောင်းလည်း ကတိပြုခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့အတူ အင်္ဂါနေ့မှာ သမိုင်းဝင် အလည်အပတ် ခရီးစဉ်အဖြစ် ပုလဲဆိပ်ကမ်းကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ဂျပန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပဉ္စမနေရာလုပွဲတွင် တောင်ကိုရီးယားကလပ် ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းက အနိုင်ရသွားခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲတွင်မူ အိမ်ရှင် ဂျပန်အမှတ်ပေး ချန်ပီယံ ကာရှီးမားအန်တလာက အောင်ပွဲခံသွားခဲ့ကြောင်း FIFA ဖော်ပြထားသည်။
09-Dec-2016 tagged as ဂျပန်
ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အကြို ရှုံးထွက်ပွဲစဉ်တွင် အိမ်ရှင် ဂျပန်အမှတ်ပေး ချန်ပီယံ ကာရှီးမားအန်တလာအသင်းက သမုဒ္ဒရာပိုင်း ချန်ပီယံလိဂ် ချန်ပီယံ နယူးဇီလန်ကလပ် အုတ်ကလန်စီးတီး အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း DPA က ဖော်ပြထားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ပုလဲဆိပ်ကမ်းသို့ သွားရောက်ရန် စီစဉ်ထားရာ ဟာဝိုင်ယီရှိ အမေရိကန် ရေတပ်စခန်းသို့ ပထမဆုံး လာရောက်သော ဂျပန်ခေါင်းဆောင် ဖြစ်လာမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဒုတိယကမ္ဘာစစ် အပြီးကတည်းက ၎င်းတို့ ထိန်းချုပ်ထားသော ဧက ၉၈၀၀ ကျော် အကျယ်ရှိတဲ့ မြေဧရိယာကို အမေရိကန်တို့က ဂျပန်တို့ထံ ဒီလထဲမှာပဲ ပြန်လည် လွှဲပြောင်းပေးသွားတော့မှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေကို ဂျပန်နိုင်ငံနဲ့ တိုက်ရိုက် မျှဝေဖို့ တောင်ကိုရီးယား လွှတ်တော်က အတည်ပြုလိုက်ပါပြီ။
22-Nov-2016 tagged as ဂျပန် ငလျင်
ဂျပန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှာ အင်အား ၇ ဒသမ ၄ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အစောပိုင်းမှာ အာဏာပိုင်တွေက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် ယခုအခါမှာတော့ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာ ကြန့်ကြာနေသော ငြိမ်းချမ်းရေးရရှိစေရန်နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို ၂၀၁၆ မှ ၂၀၂၁ ခုနှစ်ထိ ငါးနှစ်အတွင်းအကူအညီပေးသွားမည်ဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်