News

POST TAGGED AS

ဂျပန်ဦးနှောက်ရောင်

နိုင်ငံတစ်ဝန်း အသက်ကိုးလမှ ၁၅ နှစ်အရွယ် ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း အစီအစဉ်၌ ကာကွယ်ဆေးလွှမ်းခြုံမှုမှာ ၉၃ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းနှင့်ပုသိမ်မှ ကလေးနှစ်ဦး သေဆုံးမှုမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် မဟုတ်ကြောင်း တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက The Voice သို့ ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခဲ့သော အသက် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး ဆေးထိုးပြီး ၃ ရက်အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
“ဂျပန်ဦးနှောက်ရောင် ရောဂါဟာ ခြင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်လို့ ခြင် မပေါက်ပွားအောင်နဲ့ ခြင်အကိုက် မခံရအောင် နေရပါမယ်”