News

POST TAGGED AS

ဂျက်မာ

တရုတ်နိုင်ငံမှ ထင်ရှားသည့် Alibaba Group ကုမ္ပဏီကြီးကို ထူထောင်သူ ဂျက်မာက ပညာရေးနှင့်ပတ်သက်ပြီး စဉ်းစားဆင်ခြင်စရာ မီးမောင်းထိုးပြလိုက်မှုတစ်ခုကို ပြုလုပ်လိုက်ပါသည်။ သူက အနာဂတ် တရုတ်ပညာရေးကို AI (artificial intelligence) ခေတ်တစ်ခေတ်အနေနှင့် ကျောင်းသားကျောင်းသူများတွင် လက်နက်ကောင်းတစ်ခုသဖွယ် တပ်ဆင်ပေးရန် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပနေသည့် ဒုတိယအကြိမ်မြောက် World Intelligence Congress ၌ တိုက်တွန်းပြောကြားသွားသည်။
19-May-2018 tagged as ဂျက်မာ
Alibaba Group ဆိုသည့် လုပ်ငန်းစုကြီးကို ထူထောင်ထားသော တရုတ်နိုင်ငံမှ အအောင်မြင်ဆုံးသူဌေးကြီး ဂျက်မာသည် တစ်ချိန်က ဧည့်လမ်းညွှန်၊ ကျောင်းဆရာဖြစ်ခဲ့ဖူးပြီး တက္ကသိုလ်ဝင်တန်းကို သုံးကြိမ်ပြန်ဖြေခဲ့ရသူဖြစ်သည်။ သူ့ငယ်စဉ်ဘဝက အလွန်ကြမ်းတမ်းခဲ့သည်။ ယခုတော့ Alibaba အုပ်စုကြီးကို ထူထောင်ထားသည့် ဘီလီယံပေါင်းများစွာ ကြွယ်ဝနေသော သူဌေးကြီးတစ်ယောက်ဖြစ်နေပြီ။ တရုတ်နိုင်ငံ၏ အထင်ရှားဆုံးသော လုပ်ငန်းရှင်သူဌေးကြီးသာမက၊ ချစ်စရာအကောင်းဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင်အဖြစ်လည်း နာမည်ကောင်းရထားသူဖြစ်သည်။