News

POST TAGGED AS

ဂက်စ်မီးဖို

ကျောက်ဆည်တွင် ဂက်စ်မီးဖိုပေါက်ကွဲမှုကြောင့် လေးဦးဒဏ်ရာရ
မန္တလေး၊ ဇူလိုင် ၂၂

ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဂက်စ်မီးဖိုပေါက်ကွဲမှုကြောင့် လူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်သန်းကျော်ဌေးက ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် လူလေးဦး ထိခိုက်ဒဏ်ရာရရှိသော်လည်း စိုးရိမ်စရာမရှိဘဲ နှစ်ဦးမှာ ဆေးရုံမှဆင်းသွားပြီဖြစ်ကာ နှစ်ဦးမှာ ကျောက်ဆည်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်မှ တိုင်းရင်းဆေးဆရာ၊ ဆရာမများသည် ယင်းကျေးရွာတွင် တိုင်းရင်းဆေးအခမဲ့ကုသမှုပေးနေပြီး တိုင်းရင်းဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာ၌ လက်တွေ့သရုပ်ပြစဉ် အပူလွန်ကဲကာ ဂက်စ်မီးဖို ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကျီးအိပ်ကျေးရွာတွင် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည်လည်း ဒေသခံများနှင့် တွေ့ဆုံကာ ပြည်သူ့စကားဝိုင်း ကျင်းပလျက်ရှိကြောင်း ကျောက်ဆည်မြို့နယ်မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက ပြောကြားသည်။ 

ဂက်စ်မီးဖိုပေါက်ကွဲမှုဖြစ်သည့်နေရာနှင့် ပြည်သူ့စကားဝိုင်းပြုလုပ်သည့်နေရာသည် သီးခြားစီဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ရောက်ရှိ နေချိန်နှင့် တိုက်ဆိုင်သွားခြင်းသာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

M-01



FOLLOW US