News

POST TAGGED AS

ဂက်စ်မီးဖို

ဈေးဝယ်စင်တာအတွင်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ အမှုဖွင့်
ရန်ကုန်၊ ဇွန် ၃

လှိုင်မြို့နယ်၊ ပြည်လမ်း ခြောက်မိုင်ခွဲအနီးရှိ MarketPlace ဈေးဝယ်စင်တာ ပထမထပ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ အလုပ်သမားခေါင်းဆောင် အမျိုးသားတစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၂၈၆/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အရေးယူခံရသည့် အသက် ၃၇ နှစ် အလုပ်သမားခေါင်းဆောင် ဦးရဲကျော်မြတ် အပါအဝင် ၁၃ ဦးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် Hong Bao Dimsum House ဆိုင်ကို ဇွန်လ ၂ ရက် ညပိုင်းက ပြန်လည်ပြုပြင်နေကြောင်း၊ ပြုပြင်နေစဉ် ဖုန်းအားသွင်းထားသည့် Extension မီးကြိုးခွေမှ ဝါယာရှော့ခ်ဖြစ်စဉ် အဆောက်အအုံမျက်နှာကြက်ရှိ စားသောက်ဆိုင်တန်းများသို့ ပို့လွှတ် သွယ်တန်းထားသော ဂက်စ်ပိုက်လိုင်းမှ ယိုစိမ့်နေမှုကြောင့် Spark မှတစ်ဆင့် မီးကူးစက်ကာ လောင်ကျွမ်းပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အလုပ်သမားရှစ်ဦး ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရခဲ့ပြီး အခင်းဖြစ်နေရာကို စစ်ဆေးခဲ့ရာ ပေါက်ကွဲစေတတ်သော အရာဝတ္ထုပစ္စည်းတစ်စုံတစ်ရာကို မတွေ့ရှိသည့်အပြင် ယမ်းနံ့များလည်း ရရှိခြင်းမရှိခဲ့ကြောင်းကို ကျွမ်းကျင်သူများက စစ်ဆေးအတည်ပြုချက်ပေးခဲ့ပြီး အခင်းဖြစ် အဆောက်အအုံအတွင်းရှိ မျက်နှာကြက်များတွင် သွယ်တန်းထားသော ဂက်စ်ပိုက်လိုင်းများစွာရှိသဖြင့် မြေအောက်ထပ်ရှိ ဂက်စ်အိုးများထားသိုလှောင်သော မိန်းနေရာကို အချိန်မီပိတ်နိုင်ခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှု နည်းပါးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

S-03




FOLLOW US