News

POST TAGGED AS

ချယ်လ်ဆီး

28-Sep-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးနည်းပြကွန်တီသည် ချယ်လ်ဆီးက အက်သလက်တီကိုကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်အပြီးတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ပွဲစဉ်ဇယား ရေးဆွဲထားမှုကို ပြင်းပြင်းထန်ထန် အပြစ်တင်သွားခဲ့ပြီး ယင်းပွဲစဉ်ဇယားကြောင့် ၎င်းင်းတို့အနေနှင့် သီတင်းတစ်ပတ်ထက်တစ်ပတ် ပိုမိုအခက်တွေ့လာရပြီ ဖြစ်သည်ဟု ကွန်တီက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Sep-2017 tagged as ချယ်လ်ဆီး
အက်သလက်တီကို တိုက်စစ်မှူးသစ် ဒီယေဂိုကော်စတာသည် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီတွင် ၎င်းကို ခေါ်ယူရန် အဲဗာတန်အသင်းက ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၆၆ သန်းဖြင့် ကမ်းလှမ်းဆက်သွယ်ခဲ့သည်ကို ငြင်းဆန်ပယ်ချ၍ အက်သလက်တီကိုထံသို့ ပြန်လည်ပြောင်းရွှေ့ခွင့် ရနိုင်ရေးကို ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
23-Sep-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ဒီယေဂိုကော်စတာကို စွန့်လွှတ်၍ ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် မိုရာတာကို ခေါ်ယူလိုက်သည့် အကြောင်းရင်းကို ရှင်းပြလိုက်ပြီဖြစ်ကာ မိုရာတာမှာ သမီးမိန်းကလေး ပိုင်ဆိုင်ထားသည့် မိဘများ သားသမက်တော်ချင်လောက်ဖွယ်ရာ အရည်အချင်းကောင်းများကို ပိုင်ဆိုင်ထားသည့်သူဟု ကွန်တီက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
22-Sep-2017 tagged as ချယ်လ်ဆီး
ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းသည် တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ၎င်း၏ အသင်းဟောင်း အက်သလက်တီကိုထံသို့ ရောင်းချရန် ပြောင်းရွှေ့ကြေး သဘောတူညီလိုက်ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ဒီယေဂိုကော်စတာ အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၅၃ သန်းဖြင့် သဘောတူညီမှု ရလိုက်ခြင်း ဖြစ်သည်ဟု ချယ်လ်ဆီးက အတည်ပြုလိုက်ပြုလိုက်ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
02-Sep-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးအသင်းသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်အတွင်း၌ အက်သလက်တီကိုထံသို့ ပြောင်းရွှေ့ခွင့်ရရန် ကြိုးပမ်းခဲ့သည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ပရီးမီးယားလိဂ်ပြိုင်ပွဲ ကစားမည့် ၂၅ ဦး လူစာရင်းတွင် ပြန်လည် ထည့်သွင်းထားပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
01-Sep-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးအသင်းဟာ အသင်းကွင်းလယ်ကို အားဖြည့်ဖို့အတွက် လက်စတာ ကွင်းလယ်ကစားသမား ဒရင့်ခ်ဝါးတားကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူရရှိလိုက်ပြီ ဖြစ်ပါတယ်။
22-Aug-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဆာရေးအရပ်တွင် ၎င်းနေထိုင်လျက်ရှိသည့် နေအိမ်တွင်ထားရှိသော ပစ္စည်းများအားလုံးကို အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှု ဝန်ထမ်းများစေလွှတ်၍ သိမ်းဆည်းခိုင်းလိုက်ပြီဖြစ်ပြီး ယင်းအတွက် ဒီယေဂိုကော်စတာမှာ ချယ်လ်ဆီးထံသို့ ပြန်လည်လာရောက် ပေါင်းစည်းတော့မည် မဟုတ်သည်မှာ ပိုမိုသေချာသွားခဲ့ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
19-Aug-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်းအနေနှင့် ချယ်လ်ဆီးအသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်လာစေရန်အတွက် အချိန်လေးနှစ်ယူကာ တည်ဆောက်သွားရလိမ့်မည်ဟု အံ့သြသင့်ဖွယ် ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးအသင်းမှာ ကစားသမားတစ်ယောက် ဆုံးရှုံးလျှင် နှစ်ယောက် ပြန်လည်ဝယ်ယူ၍ အင်အားဖြည့်နိုင်သော အခြေအနေကို ပိုင်ဆိုင်ထားသည့်အတွက် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာကို လွယ်လင့်တကူပင် ဖြေရှင်းနိုင်စွမ်း ရှိကြောင်း Daily Star က ဖော်ပြထားသည်။
17-Aug-2017 tagged as ချယ်လ်ဆီး
အက်သလက်တီကိုအသင်းသည် ချယ်လ်ဆီးအသင်းက ဒီယေဂိုကော်စတာကို အသင်းထံသို့ လာရောက်ပူးပေါင်း၍ လေ့ကျင့်ရေးဆင်းရန် ပျက်ကွက်နေမှုများအတွက် ဒဏ်ကြေးငွေ တပ်ရိုက်လျက် ရှိသည်ကို ကစားသမားဖြစ်သူ၏ ကိုယ်စား ၎င်းတို့ဘက်က အကုန်အကျခံ ပေးဆောင်သွားရန် စီစဉ်လိုက်ပြီ ဖြစ်သည်။