News

POST TAGGED AS

ချင်းပြည်နယ်

15-Oct-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ် ပလက်ဝမြို့ တုံးမဝကျေးရွာတွင် အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက ကလေးငယ် လေးဦးသည် မိဘများ မရှိခိုက် ဖားပြုတ်ဥ အစိမ်းသုပ်စားရာမှ နှစ်ဦးသေဆုံးပြီး ကျန်နှစ်ဦး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ပလက်ဝမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ မင်းသန့်ဇင်က ပြောကြားသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အတွင်းရှိ လုမ်ဘန်းကျေးရွာမှ ပထမ ကမ္ဘာစစ်အတွင်း ပါဝင်ကာ အမှုထမ်းခဲ့သည့် သူရဲကောင်းများအတွက် နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူမည်ဖြစ်ကြောင်း ကျောက်တိုင်ဖွင့်ပွဲ ကျင်းပရေး ကော်မတီ တာဝန်ခံ ဒေါ်မတလန်က ပြောကြားသည်။
ချင်းပြည်နယ် ဖလမ်းမြို့ တာရွှန် ကျေးရွာအုပ်စုတွင် အမေရိကန်ဒေါ်လာ လေးသောင်း အသုံးပြု၍ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စတင် အကောင်အထည်ဖော်နေကြောင်း တာဝန်ယူဆောင်ရွက်သည့် The Backyard Travels & Tours မှ ဒါရိုက်တာ ငွန်ဇာမှုန်က ပြောကြားသည်။
ချင်းပြည်နယ် ထန်တလန်မြို့နယ် ကျေးရွာများရှိ ပြောင်းစိုက်ခင်းများအတွင်း ကြွက်များ ဝင်ရောက် ဖျက်ဆီးသဖြင့် စိုက်ခင်းများ ပျက်ခဲ့ကြောင်း ထန်တလန်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမူထန်က ပြောကြားသည်။
15-Jul-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ် ဖလမ်းမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီးနောက် မြေသားအိကျပြီး အက်ကြောင်းများ ဖြစ်ပေါ်လာသဖြင့် လူနေအိမ် ၁၀ အိမ်ကို ရွှေ့ပြောင်းထားရကြောင်း ဖလမ်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးဇော်စိုးက ပြောသည်။
20-May-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) မှ စက်ယန္တရား အစီးရေ တစ်ရာကျော်ကို ချင်းပြည်နယ် အစိုးရအဖွဲ့သို့ လှူဒါန်းမည် ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုက ပြောသည်။
14-May-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ်၊ ဖလမ်းခရိုင်ရှိ ဝေဘူလ ကျေးရွာကို ယခုနှစ်အတွင်း မြို့အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖလမ်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးက ပြောကြားသည်။
08-May-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် လမ်းသွားလမ်းလာများကို ဆိုင်ကယ်ဖြင့် လုယက်နေသူများ ဖမ်းမိနိုင်ရေး (ချိုး)လူငယ်အဖွဲ့ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ကူညီမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် ဆလိုင်းရှယ်အောင်က ပြောကြားသည်။
ချင်းပြည်နယ် မင်းတပ်ခရိုင်ရှိ နတ်မတောင် အမျိုးသားဥယျာဉ် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် ဆိုင်ကယ်ဖြင့် တက်ရောက်ခွင့်ကို ဧပြီလ တတိယပတ်မှ စတင်ကာ ပိတ်ထားကြောင်း နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပြောကြားသည်။
ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် ခရီးသွားပြပွဲတွင် ချင်းပြည်နယ်နှင့် မြိတ်ကျွန်းစုဒေသတို့မှ ဦးစားပေး ဓာတ်ပုံများ ပြသမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနထံမှ သိရသည်။