News

POST TAGGED AS

ချင်းပြည်နယ်

ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ မတူပီနှင့် တီးတိန်မြို့သုံးမြို့ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးရန် စီစဉ်နေကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောကြားသည်။
ချင်းပြည်နယ်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ရရှိခဲ့သည့် ဘတ်ဂျက်များအနက် တစ်ဝက်ကျော်ကို လမ်းတံတားတည်ဆောက်ရေး စီမံကိန်းများအတွက် အသုံးပြုခဲ့ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောကြားသည်။
21-Feb-2018 tagged as ချင်းပြည်နယ်
ခေါင်ကျွဲပွဲတော်ကို စော်ဘွားကြီးများလက်ထက်က စော်ဘွားများက မိမိတို့၏ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်ရှိန်ကြီးမြင့်မှုကိုပြသရန်နှင့် ဇနီးသည်ကို ပရိသတ် ဗိုလ်ပုံအလယ်တွင် ချောကြောင်း၊ လှကြောင်း ဂုဏ်တင်ချီးမွမ်းရန် ကျင်းပခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အင်အား အနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲထံမှ သိရသည်။
ချင်းပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်သည့် ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်ထိပ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ ညအိပ်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန (မင်းတပ်ခရိုင်ရုံး) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးဟုန်လိန်းက ပြောကြားသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများကို စစ်ဆေးရာတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများပိုင် မော်တော်ယာဉ်များကို အရည်အသွေး စစ်ဆေးသည့်အဖွဲ့အနေနှင့် အသုံးမပြုရေးအတွက် ချင်းပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း မင်းတပ်မြို့ လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းက ပြောကြားသည်။
သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရန်ရည်ရွယ်၍ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်းရှိ ခေါနူးစုမ် (ဝိတိုရိယတောင်) အမျိုးသားဥယျာဉ်အတွင်း အမှိုက်ပုံးများ ထားရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်သို့ ထပ်မံရောက်ရှိလာသည့် စစ်ရှောင်ဒေသခံများအတွက် စားနပ်ရိက္ခာနှင့် အကူအညီများ လိုအပ်လျက်ရှိကြောင်း ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝေတန်းက ပြောကြားသည်။
ချင်းပြည်နယ် ဖလမ်းမြို့အနောက်ဘက်တွင် ပထမဆုံး ပြည်တွင်းလေယာဉ်ကွင်း တည်ဆောက်ရန် ဘတ်ဂျက် ကျပ် ငါးဘီလီယံ ရရှိကာ လက်ရှိတွင် လုပ်ငန်းများဆောင်ရွက်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ နတ်မတောင် အမျိုးသားဥယျာဉ်အတွင်းရှိ ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်ပေါ်တွင် ခရီးသွားဧည့်သည်များအတွက် ယင်လုံအိမ်သာများ တည်ဆောက်ပေးရန် လိုအပ်ကြောင်း မင်းတပ်မြို့နေ ဆလိုင်းကီးရှိန်းက အကြံပြုပြောကြားသည်။