POST TAGGED AS

ချင်းပြည်နယ်

ချင်းပြည်နယ် ဖလမ်းမြို့ တာရွှန် ကျေးရွာအုပ်စုတွင် အမေရိကန်ဒေါ်လာ လေးသောင်း အသုံးပြု၍ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စတင် အကောင်အထည်ဖော်နေကြောင်း တာဝန်ယူဆောင်ရွက်သည့် The Backyard Travels & Tours မှ ဒါရိုက်တာ ငွန်ဇာမှုန်က ပြောကြားသည်။
ချင်းပြည်နယ် ထန်တလန်မြို့နယ် ကျေးရွာများရှိ ပြောင်းစိုက်ခင်းများအတွင်း ကြွက်များ ဝင်ရောက် ဖျက်ဆီးသဖြင့် စိုက်ခင်းများ ပျက်ခဲ့ကြောင်း ထန်တလန်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမူထန်က ပြောကြားသည်။
15-Jul-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ် ဖလမ်းမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီးနောက် မြေသားအိကျပြီး အက်ကြောင်းများ ဖြစ်ပေါ်လာသဖြင့် လူနေအိမ် ၁၀ အိမ်ကို ရွှေ့ပြောင်းထားရကြောင်း ဖလမ်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးဇော်စိုးက ပြောသည်။
20-May-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) မှ စက်ယန္တရား အစီးရေ တစ်ရာကျော်ကို ချင်းပြည်နယ် အစိုးရအဖွဲ့သို့ လှူဒါန်းမည် ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုက ပြောသည်။
14-May-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ်၊ ဖလမ်းခရိုင်ရှိ ဝေဘူလ ကျေးရွာကို ယခုနှစ်အတွင်း မြို့အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖလမ်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးက ပြောကြားသည်။
08-May-2017 tagged as ချင်းပြည်နယ်
ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် လမ်းသွားလမ်းလာများကို ဆိုင်ကယ်ဖြင့် လုယက်နေသူများ ဖမ်းမိနိုင်ရေး (ချိုး)လူငယ်အဖွဲ့ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ကူညီမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် ဆလိုင်းရှယ်အောင်က ပြောကြားသည်။
ချင်းပြည်နယ် မင်းတပ်ခရိုင်ရှိ နတ်မတောင် အမျိုးသားဥယျာဉ် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် ဆိုင်ကယ်ဖြင့် တက်ရောက်ခွင့်ကို ဧပြီလ တတိယပတ်မှ စတင်ကာ ပိတ်ထားကြောင်း နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပြောကြားသည်။
ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် ခရီးသွားပြပွဲတွင် ချင်းပြည်နယ်နှင့် မြိတ်ကျွန်းစုဒေသတို့မှ ဦးစားပေး ဓာတ်ပုံများ ပြသမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနထံမှ သိရသည်။
ချင်းပြည်နယ်တွင် ဧပြီလ ၄ ရက်မှ ဧပြီလ ၂၅ ရက်အထိ ၂၂ ရက်တာ ကာလအတွင်း လေပြင်း တိုက်ခတ်မှုများကြောင့် လူနေအိမ် ၁၄၀ ကျော် အမိုးလန်ပျက်စီးပြီး လူ ၆၀ဝ ကျော် လေဘေးသင့်ခဲ့ကြောင်း ချင်းပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။
ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ဧပြီလ ၂၂ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်၍ နေအိမ် ၃ လုံးပြိုကျခဲ့ပြီး ၁၃ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရှိရသည်။