News

POST TAGGED AS

ချင်းတွင်း

မုံရွာမြို့ရဲ့ ချောင်းသာသင်္ကြန်လို့ခေါ်လို့ရတဲ့ ချင်းတွင်းသင်္ကြန်ကို စစ်ကိုင်းတိုင်းအစိုးရအနေနဲ့ ဒီနှစ်မှာတော့ ပထမဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
မုံရွာမြို့၊ ချင်းတွင်းမြစ် ဇက်ဆိပ် သဲသောင်ခုံပေါ်တွင် ၇ ရက်ကြာကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာသင်္ကြန်ယဉ်ကျေးမှုကို ဖော်ဆောင်ထားသည့် သဲပန်းပုပြကွက်များကို ပြသမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံသား သဲပန်းပုပညာရှင် Mr Jo Oheng Tan က ပြောကြားသည်။
20-Mar-2018 tagged as ချင်းတွင်း
မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း သဲသောင် ပြင်တွင်ကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် အရက်သေစာ ရောင်းချမှုနှင့်ပတ်သက်၍ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ အစည်းအဝေး၌ ဆွေးနွေးရာတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်ဝန်ကြီး၏ အပြောအဆိုကြောင့် ယင်းကော်မတီမှနုတ်ထွက်ရန် စာတင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ဦးဇော်သူရိန်ထွန်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် သဲသောင်ပေါ်တွင် ချင်းတွင်းသင်္ကြန်ပွဲကို တိုင်းအစိုးရအစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်ရာ တာရိုးဝဲယာရှိ ကျူးကျော်နေအိမ်နှင့် ဈေးဆိုင်ခန်းများကို မတ်လ ၆ ရက်နေ့ ညနေအပြီး ဖယ်ရှားပေးရန် မြို့နယ်စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက အမိန့်ထုတ်သတိပေးခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။