News

POST TAGGED AS

ချင်းတွင်းမြစ်

30-May-2018

ဧရာဝတီ သင်္ဘော
ငပုတော လေပြင်း သင်္ဘောကမ်းတင်


ပုသိမ်၊ မေ ၂၉

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းဒေသ ကျောက်ချောင်းကြီး မြစ်ကျောက်ငူရွာအနီး၌ မေလ ၂၈ ရက် မွန်းလွဲပိုင်းက မိုးသက်လေပြင်းကျသဖြင့် ကျောက်ငူကမ်း ကျောက်တန်းပေါ်တွင် စိုးလင်းကျော် ၅ သင်္ဘော ကမ်းတင်ခဲ့ရကြောင်း ဧရာဝတီတိုင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ သင်္ဘောမှာ ပုသိမ်-ငပုတော-ဟိုင်းကြီး-ကျောက်ချောင်း ပြေးဆွဲသော သင်္ဘောဖြစ်ပြီး ပုသိမ်မြို့ဆိပ်ကမ်းမှ မေလ ၂၇ ရက်က ထွက်ခွာလာကြောင်း၊ သင်္ဘောမောင်းနှင်လာစဉ် ပင်လယ်ပြင်နှင့်ထိစပ် နေသောပမ္မတီမြစ်ကမ်းဘေးရှိ ဘုရားတောင်ရွာတွင် ရာသီဥတုဆိုးရွားသဖြင့် ညအိပ်ခိုလှုံခဲ့ပြီး ၂၈ ရက်နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာလာကြောင်း၊ ယင်း နောက်မွန်းလွဲပိုင်း၌ ကျောက်ငူရွာအနီးတွင် လေပြင်းတိုက်သဖြင့် သင်္ဘောသောင်တင်ခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်ကျော်က ပြောဆိုသည်။

“ဒီရေကျနေချိန် လေပြင်းက ရုတ်တရက်တိုက်တော့ သင်္ဘောကကျောက်တန်းပေါ် သောင်တင်သွားတာဖြစ်ပါတယ်။ ခရီးပြီးဆုံးဖို့ ဆိပ်ကမ်းတစ်ခု အလိုမှာဖြစ်တာ”ဟု ၎င်းက ရှင်းပြသည်။ 

အဆိုပါသင်္ဘောတွင် ခရီးသည် ၇၀ ကျော် လိုက်ပါလာပြီး အသက်အန္တရာယ် မရှိခဲ့ကြောင်း၊ ခရီးသည်များကို ဒေသခံ လူမှုရေးအဖွဲ့အစည်းများက ရွှေ့ပြောင်းကူညီပေးကြောင်း ကျောက်ငူဘုန်းကြီးကျောင်းတွင် ယာယီနေရာချပေးပြီး ခရီးလမ်းဆုံးသို့ သင်္ဘောပိုင်ရှင်က စက်လှေ၊ ကားတို့ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဟိုင်းကြီးကျွန်းဒေသခံ ဦးတင်လွင်က ပြောကြားသည်။ 

ကျောက်ငူရွာအနီး ကျောက်တန်းပေါ်တွင် သောင်တင်နေသော သင်္ဘောမှာ မေလ ၂၉ ရက်က ဒီရေပြန်တက်လာချိန်တွင် လွတ်ကင်းခဲ့ကြောင်း တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

မေလ ၂၈ရက် ညပိုင်းက ပုသိမ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မဟာဗန္ဓုလလမ်း တိုင်းရဲတပ်ဖွဲ့ရုံးရှေ့ရှိ ကွန်ကရစ်ဓာတ်တိုင် ၁ တိုင် ကျိုးပြီး ယင်းလမ်းတစ်လျှောက်နှင့် ပုသိမ်တက္ကသိုလ်လမ်းအနီးရှိ သစ်ပင်ကြီးများ ပြိုလဲခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။ 

R-12



FOLLOW US