News

POST TAGGED AS

ချင်းတွင်းမြစ်

ချင်းတွင်းမြစ် တစ်ဖက်ကမ်း ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးဘုရားရှိ တိရစ္ဆာန်ရုံတွင် မွေးမြူထားသည့် မျောက်များအနက်မှ လွတ်နေသည့် မျောက်တစ်ကောင်က ဘုရားဖူးလာသည့် အထက်တန်း ကျောင်းသားတစ်ဦးကို ကိုက်ခဲ့ရာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့အနီး ချင်းတွင်းမြစ်အတွင်း စက်လှေတစ်စင်း တိမ်းမှောက်ရာမှ လူတစ်ဦးသေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့မ ရဲစခန်းထံမှ သိရသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် ဟုမ္မလင်းမြို့အကြား ချင်းတွင်းမြစ်ကြောင်းအတိုင်း သင်္ဘောပြေးဆွဲမှုကို ဇူလိုင်လ ၂ ရက်နေ့မှစ၍ ပြေးဆွဲမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနထံမှ သိရသည်။
သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုကြောင့် ချင်းတွင်းမြစ်အတွင်း သောင်ထွန်းပြီး ရေနည်းကာလများတွင် ရေယာဉ်များ သွားလာရေးခက်ခဲရသဖြင့် ရေလမ်းကြောင်း ကောင်းမွန်စေရေးအတွက်မြစ်ကြောင်း အတွင်း လိုအပ်သည့်နေရာများကို ပြုပြင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က ပြောကြားသည်။
ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် လှေလှော်ပြိုင်ပွဲ ထိန်းသိမ်းရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့အနီး၊ ချင်းတွင်းမြစ်အတွင်း၌ လှေလှော်ပြိုင်ပွဲကို မတ်လ ၁၇ ရက်နေ့မှစ၍ ကျင်းပနေကြောင်း လှေလှော်ပြိုင်ပွဲ ကျင်းပရေးကော်မတီ နာယက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားသည်။
ချင်းတွင်းမြစ်ကူး၊ ဆင်ဖြူရှင်တံတားပေါ်သို့ အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ၏ အိမ်မွေးတိရစ္ဆာန်များ ဖြတ်သန်းရာတွင် ငွေကြေးကောက်ခံနေမှုနှင့် ပတ်သက်၍ တင်ဒါပေးခဲ့သည့်ဌာနကို သတိပေးအကြောင်းကြားစာ ပေးပို့မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။
မြစ်ရေကျပြီး သောင်ထွန်းမှုအများ အပြားဖြစ်ပေါ်နေခြင်းကြောင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် ဟုမ္မလင်းမြို့အကြား ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲသည့် ရေယာဉ်များအနေနှင့် သွားလာရေးခက်ခဲလျက်ရှိကြောင်း ကုန်တင်ရေယာဉ်မောင်းများက ပြောကြားသည်။
ချင်းတွင်းမြစ်အထက်ပိုင်း စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ချင်းတွင်းမြစ်အတွင်း၌ ငါးမဖမ်းရဇုန်နေရာများ သတ်မှတ်ကာ ငါးသယံဇာတ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းမည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့အနီးတို့တွင် တည်ဆောက်လျက်ရှိသော ချင်းတွင်းမြစ်ကူးတံတားနှစ်စင်းကို လာမည့်မတ်လအကုန် ဧပြီလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ခန္တီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။
ချင်းတွင်းမြစ်ရေကျပြီး သောင်ဖြစ်ထွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ခန္တီးမြို့အကြား ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲနေသည့် ရေယာဉ်များအနေနှင့် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ရေယာဉ်မောင်းနှင်သူများထံမှ သိရသည်။