News

POST TAGGED AS

ခုံးကျော်တံတား

ရန်ကုန်မြို့ ခုံးကျော်တံတားအောက်တွင် အပန်းဖြေနေရာများ လုပ်ဆောင်


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

 

ရန်ကုန်မြို့တော်ရှိ ခုံးကျော်တံတားများ အောက်တွင် ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန် နေရာများနှင့် အလှဆင်မှုများကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြင်သစ် ယဉ်ကျေးမှု ဌာနတို့ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ပြင်သစ် ယဉ်ကျေးမှု ဌာနထံမှ သိရှိရသည်။

 

အဆိုပါ လုပ်ငန်းအတွက် ရှေ့ပြေး လုပ်ငန်းအနေနှင့် The Flyover art Project အမည် ဖြင့် မြေနီကုန်း ခုံးကျော် တံတားအောက်တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ကာ အနုပညာမြောက် ပြုပြင် ပြောင်းလဲမှုများ၊ စိမ်းလန်း စိုပြည်မှုရှိစေရန် ပန်းပင် စိုက်ပျိုးခြင်းများကို လုပ်ဆောင်နေကြောင်း ယင်း Project မန်နေဂျာကို အဲလက်(စ်)အောင်ခန့်က ပြောကြားသည်။

 

“Pilot Project (ရှေ့ပြေးလုပ်ငန်း) က ဇန်နဝါရီလမှ အပြီးသတ်ဖို့ လျာထားတယ်၊ ဒါပြီးရင် အခြား ခုံးတံတားတွေမှာလည်း ဆက်လုပ်ဖို့ရှိတယ်၊ ညှိနှိုင်းစရာတွေ ရှိသေးတယ်”ဟု ၎င်းက ရှင်းပြသည်။

 

ယင်းကဲ့သို့ ခုံးတံတားများအောက်တွင် အနားယူနိုင်ရန် ပြင်ဆင်မှုများတွင် မြေပြင် ဆေးခြယ်မှုများ၊ အနားယူနိုင်ရန် အနုပညာမြောက် ထိုင်ခုံငယ်များ၊ စိမ်းလန်းမှု ရရှိနိုင်ရန် သစ်ပင်ငယ်များ၊ စကိတ်စီးနိုင်မည့် ကွင်းငယ်များ ထည့်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

 

ခုံးကျော်တံတားများ အောက်တွင် ပြုလုပ်မည့် ပြည်သူ အနားယူ နေရာများကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၊မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်းနှင့် မြန်မာ့ ဗိသုကာ အဖွဲ့များ၊ နည်းပညာ ကျောင်သားများဖြင့် ပူးပေါင်း လေ့လာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြင်သစ် ယဉ်ကျေးမှုဌာန၏ ထုတ်ပြန်ချက် အရ သိရှိရသည်။




FOLLOW US