News

POST TAGGED AS

ခိုးဝင်ဘင်္ဂါလီ

တာမွေတွင် ခိုးဝင်ဘင်္ဂါလီတစ်ဦး ဖမ်းမိ
ရန်ကုန်၊ မတ် ၂၈ 

တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ မချစ်တီးလမ်းရှိ နေအိမ်တစ်လုံးတွင် မတ်လ ၂၇ ရက် နံနက် ၁ နာရီခန့်က အသက် ၁၉ နှစ်အရွယ်ခိုးဝင်ဘင်္ဂါလီ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင်နေထိုင်သူ အသက် ၁၉ နှစ်အရွယ် ခင်မောင်စိုး (ခ) မိုဟာမက်အီစွတ်သည် မတ်လ ၂၆ ရက်နေ့က ရန်ကုန်မှ တစ်ဆင့်မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်အကိုင်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏မိတ်ဆွေဖြစ်သူ အမျိုးသားတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် အသက် ၄၃ နှစ်အရွယ် ဦးမောင် (ခ)မာမွတ်ကို ဖုန်းဖြင့်ဆက်သွယ်ကာ အဆောင်တစ်ခုတွင် တစ်ညလျှင် တစ်ထောင်ကျပ်နှုန်းဖြင့် ငှားရမ်းနေထိုင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရန်ကုန်ကို ကားနဲ့ဝင်လာတာ။ ဒီရောက်မှ ဘယ်ကိုသွားရမှန်းမသိတာနဲ့ ကျောက်ဖြူကို ပြန်ဆက်သွယ်ပြီး အခုဖမ်းမိတဲ့အိမ်ကို ရောက်ခဲ့တာပါ။ ခိုးဝင်လာတဲ့သူကိုတော့ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ အက်ဥပဒေပုဒ်မနဲ့ ဒီနေ့ပဲ ထောင် ၂ နှစ်ချလိုက်ပြီ၊ လက်ခံထားတဲ့သူတွေကိုလည်း ရာဇသတ်ကြီး ပုဒ်မနဲ့ ထပ်မံအမှုဖွင့်ထားတယ်”ဟု တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးလှဖုန်းကျော်က ရှင်းပြသည်။

ယင်းခိုးဝင် ဘင်္ဂါလီအမျိုးသားကို လက်ခံထားသည်ဟုဆိုသော အသက် ၄၃ နှစ်မှ ၇၂ နှစ်ကြားရှိ အမျိုးသားသုံးဦးကို တာမွေမြို့မရဲစခန်းက (ပ) ၃၀၃/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၇ အရ ပြစ်မှုထင်ရှားလျှင် ၁၀ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၀ အရ ပြစ်မှုထင်ရှားလျှင် ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

J-16



FOLLOW US