News

POST TAGGED AS

ခိုးမှု

21-Sep-2017 tagged as ခိုးမှု
လှိုင်သာယာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ရွှေဥဒေါင်းလမ်းရှိ ဂိုးဒင်းစတား အလှကုန်ပစ္စည်း ဖြန့်ချိရေးကုမ္ပဏီရုံးခန်းတွင် စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းက ဖုန်းအားသွင်းထားသည့် လက်ကိုင်ဖုန်း ၅ လုံး ခိုးယူခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Sep-2017 tagged as ရွှေ ခိုးမှု
လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးတွင် ခိုးမှုသတင်း ရရှိထားသည့် အမျိုးသမီးတစ်ဦးကို မသင်္ကာသောကြောင့် စစ်ဆေးရာမှ ယင်းဈေးရှိ ရွှေဆိုင်များမှ ရွှေဆွဲကြိုးများ ခိုးယူခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
16-Sep-2017 tagged as ငွေ ခိုးမှု
ကျောက်တံတားမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ စာပေနန်းတော်တွင် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ဖောက်ထွင်းခံရပြီး ပြစ်မှုကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
25-Aug-2017 tagged as ခိုးမှု
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့မရဲစခန်းမှ တရားခံ ၁၀ ဦး သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၃ နာရီ ခွဲ ဝန်းကျင်က အချုပ်ခန်းဖောက် ထွက်ပြေး သွားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
05-Aug-2017 tagged as ခိုးမှု
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ “KKK” ဖုန်းအရောင်းဆိုင်မှ ဖုန်းမျိုးစုံ ၆၇ လုံးနှင့် ငွေကျပ်သိန်းနှစ်ဆယ် စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်း တစ်ရာကျော် ခိုးယူခဲ့သူကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် တဂေါင်းဘုရားလမ်းတွင် သြဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့သည်။
18-Jul-2017 tagged as ပဲခူး ခိုးမှု
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နှစ်တန့်ကူးကျေးရွာနေအိမ် တစ်ခုတွင် ဇူလိုင်လ ၁၆ ရက်နေ့ ညဦးပိုင်းက နေအိမ်ခြံဝင်းထဲရှိတိုင်တွင် သံကြိုးခတ်ပြီး သိမ်းဆည်းထားသည့် ဆိုင်ကယ်တစ်စီး ဘီးဖြုတ်ခိုးယူခံခဲ့ရကြောင်း ဇရပ်ကြီး နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
05-Jun-2017 tagged as ခိုးမှု
ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးအနီး မြောင်းကြီးလမ်းရှိ ပထမထပ် တိုက်ခန်းတစ်ခန်းအား ဖောက်ထွင်းပြီး လက်ဝတ်ရတနာများနှင့် ငွေကျပ် ၇၂ သိန်း ခိုးယူသွားသည်ဟု ယူဆရသည့် ရဲတပ်ကြပ်တစ်ဦးကို ဇွန်လ ၃ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Mar-2017 tagged as သစ် ခိုးမှု
ကယားပြည်နယ် ဘော်လခဲမြို့နယ်အတွင်းမှ တရားမဝင် သစ်ခိုးထုတ်မှု၌ ပါဝင် ပတ်သက်သော သစ်တောအရာရှိ ၉ ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ်က ပြောသည်။
28-Mar-2017 tagged as ခိုးမှု
မှော်ဘီမြို့နယ်၊ ဖူးကြီး၊ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရုံးတွင် မတ်လ ၂၆ ရက် ည ၁၀ နာရီခန့်က သွပ်ပြားများ ဝင်ရောက်ခိုးယူသည့် အမျိုးသားလေးဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Mar-2017 tagged as ခိုးမှု
စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် ဈေးဝယ်သူ ဟန်ဆောင်၍ ဆိုင်ရှင်များ၏ လက်ကိုင်ဖုန်းများကို ခိုးယူနေသော အမျိုးသမီး ငါးဦး ပါဝင်သည့် ခုနစ်ဦးအဖွဲYကို မတ်လ ၁၉ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။