News

POST TAGGED AS

ခါးပိုက်နှိုက်

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းရှိ ကားကြီးဂိတ်မှတ်တိုင်နှင့် တံတားဖြူမှတ်တိုင်တို့တွင် မတ်လ ၁၄ ရက်နေ့က YBS ယာဉ်ပေါ်ပါ ခရီးသည်များထံမှ လက်ကိုင်ဖုန်းနှင့် ငွေများ နှိုက်ယူခဲ့သော ခါးပိုက်နှိုက် အမျိုးသားသုံးဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အလယ်ရွာလမ်းဆုံမှတ်တိုင်တွင် မတ်လ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က YBS ၁၇ ယာဉ်လိုင်းပေါ်၌ ခါးပိုက်နှိုက်ပြီး ဆင်းလာသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ညောင်တုန်းလမ်း၊ (၅) ထိပ်မှတ်တိုင်နှင့် (၃) ထိပ် မှတ်တိုင်ကြား YBS အမှတ် (၂၂) ယာဉ်ပေါ် လိုက်ပါစီးနင်းပြီး ခရီးသွားများထံမှ ခါးပိုက်နှိုက်ကျူးလွန်သူ ၆ ဦးအနက် သုံးဦးကို ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီခန့် က ဖမ်းမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အရှေ့ပိုင်းတက္ကသိုလ် (သန်လျင်) မှ စက်မှု (၁) အထိ ပြေးဆွဲနေသည့် YBS ၇၆ ယာဉ်လိုင်းပေါ်တွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်များ သောင်းကျန်းနေပြီး ဩဂုတ်လ ၈ရက်က တစ်ရက်တည်းမှာပင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှု နှစ်ကြိမ်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ သိရသည်။
ကျောက်တန်းမြို့နယ်၊ ကျိုက်မှော်ဝန်း ရေလယ်ဘုရားတွင် ဧပြီလ ၂၉ ရက် မွန်းလွဲပိုင်းက အသက် ၇၀ အရွယ် ခါးပိုက်နှိုက် အဘိုးတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
"ခါးပိုက်နှိုက်အဖွဲ့က လိုင်းကားပေါ်က ဆင်းပြေးပြီး နောက်မှာ လိုက်ပါလာတဲ့ သူတို့အဖွဲ့ ငှားထားတဲ့ တက္ကစီပေါ် တက်ပြေးတာ၊ ပိတ်ဆို့ဖမ်းဆီး ရာက ခေါင်းဆောင် အမျိုးသား လွတ်သွားပြီး လေးယောက်ကိုပဲ မိခဲ့တယ်၊ ကားပေါ်မှ တုတ်နဲ့ ဓားတွေပါ သိမ်းဆည်း ရမိခဲ့တယ်"