News

POST TAGGED AS

ခရီးသွား

23-Sep-2017

ပုဂံ ခရီးသွား
သီတင်းကျွတ်ကာလအတွက် ပုဂံနှင့် အင်းလေး ဟိုတယ်ကြိုတင်မှာယူမှုများ


ရန်ကုန်၊ စက်တင်ဘာ ၂၃

ပြည်တွင်း ခရီးသွားများအနေနှင့် သီတင်းကျွတ် ပိတ်ရက်ကာလတွင် ပုဂံနှင့် အင်းလေးဒေသတို့တွင် ဟိုတယ် ကြိုတင် ဘွတ်ကင်လုပ်သူ များပြားကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်း ဟိုတယ်ဘွတ်ကင်ဝက်ဘ်ဆိုက် Jovago.net ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဝက်ဘ်ဆိုက်မှ တစ်ပတ်အတွင်း ကောက်ယူထားသော အချက်အလက်များအရ ပုဂံနှင့် ဖောင်တော်ဦး ဘုရားပွဲတော်ရှိသည့် အင်းလေးဒေသများသို့ အွန်လိုင်းဟိုတယ် ဘွတ်ကင် ပြုလုပ်မှု ၃၀ ရာခိုင်နှုန်း၊ ကလောမှ  ၁၅ ရာခိုင်နှုန်းရှိပြီး ချောင်းသာ၊ ငွေဆောင် ကမ်းခြေဒေသများရှိ ဟိုတယ်များတွင် ဘွတ်ကင် မရတော့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ 

“ကမ်းခြေတွေကတော့ လူသွားများတာကြောင့် အစောကြီးကတည်းက အခန်းတွေ ပြည့်နေတာပါ၊ ဒါကြောင့် ပြည်တွင်း ခရီးသွားတွေက လည်ပတ်စရာ ပေါပြီး ပရိုမိုးရှင်းတွေရှိတဲ့ ပုဂံ၊ အင်းလေး၊ ကလောနဲ့ မန္တလေးလို နေရာတွေကို စိတ်ဝင်စားမှု များလာတာကို တွေ့ရတယ်။ အဲဒီထဲမှာတော့ ပုဂံနဲ့အင်းလေးကို လူစိတ် အဝင်စားဆုံးနှင့် အမေးအများဆုံးပါ”ဟု Jovago.net ၏ မန်နေးဂျင်း ဒါရိုက်တာ Mr. Frans Maas က ပြောကြားသည်။ 

အွန်လိုင်း ဟိုတယ်ဘွတ်ကင် ဝက်ဘ်ဆိုက် Jovago.net တွင် ဟိုတယ်ဘွတ်ကင်လုပ်ပါက အင်းလေး၊ ကလော၊ ပြင် ဦးလွင်၊ တောင်ကြီး၊ မန္တလေးရှိ ဟိုတယ်များတွင် စက်တင်ဘာလကုန်အထိ အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ စတင်ကာ ၇၀ ရာခိုင်နှုန်းကျော်အထိ အခန်းခများ လျှော့ချထားကြောင်း အဆိုပါ ဝက်ဘ်ဆိုက်ထံမှ သိရသည်။



FOLLOW US