News

POST TAGGED AS

ခရီးသွား

23-Aug-2018 tagged as ခရီးသွား
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်တွင် နိုင်ငံခြားသားဧည့်သည်များကို ယခုနှစ်ဇွန်လက ကိုယ်လုံးတီး ချွတ်တမ်းဂိမ်းကစားခွင့်ပြုခဲ့သည့် ဒေသခံ ဧည့်လမ်းညွှန်ကို ဇူလိုင်လအတွင်းက ခံဝန်ဖြင့် ခေါ်ယူသတိပေးခဲ့ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောကြားသည်။
ပြည်တွင်းပြည်ပ ခရီးသွား အများအပြား လာရောက်လည်ပတ်လေ့ရှိသည့် အင်းလေးကန်တွင် Myanmar Naing Goup ကုမ္ပဏီက ဟိုတယ်တည်ဆောက်ရန် လျှောက်ထားမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ ဒေသခံများထံမှ ကန့်ကွက်လက်မှတ် ကောက်ယူမည်ဖြစ်ကြောင်း Save The Inle Lake အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောကြားသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် နိုင်ငံတကာ ခရီးသွားအမြင်များ မြှင့်တင်ပေးနိုင်ရန် အိန္ဒိယ၊ ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံရှစ်ခုမှ ခရီးသွားကုမ္ပဏီများ ပါဝင်သည့် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းပြပွဲကို ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အထိ တပ်မတော်ခန်းမတွင် ကျင်းပမည်ဖြစ်သည်။
ပုဂံယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွားများအတွက် ခွင့်ပြုသတ်မှတ်ရက် လျှော့ချသတ်မှတ်လိုက်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံ ခရီးသွားပြခန်းသည် အကောင်းဆုံးပြခန်း ဖွင့်လှစ်ဆောင်ရွက်နိုင်မှုဆု (The Best Booth Operation Awardိ) ကို ပထမဆုံး ရရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
05-May-2018 tagged as ခရီးသွား
ဒန်ဒါ (Dendur) ဘုရားကျောင်းသည် အီဂျစ်တွင် တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်သော်လည်း ယခု နယူးယောက်တွင် ပြန်လည်တည်ဆောက်ပြီး ပြသထားသည်။ ဘီစီ ၁၅ ရာစုခေတ်လောက်ကတည်းက အီဂျစ်တွင်တည်ဆောက်ခဲ့ပြီး ရောမအင်ပါယာတွင် ဩဂတ်စတပ် ဆီဇာမင်းအုပ်စိုးစဉ်ခေတ်က ဘုရားကျောင်းဖြစ်ခဲ့သည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့ဟောင်းသို့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် အနည်းငယ် လျော့နည်းခဲ့ကြောင်း ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာပြတိုက်မှ ဦးစီးအရာရှိ ဒေါ်ခင်မာအောင်က ပြောကြားသည်။
ရခိုင်ပြည်နယ်ကို နှစ်ရက်တာ ရောက်ရှိနေသော လူသားချင်းစာနာမှုဆိုင်ရာ ကုလ လက်ထောက်အတွင်းရေးမှူးချုပ် Ms. Ursula Mueller ပါသည့် ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အစိုးရနှင့် ဧပြီ ၄ ရက်ကတွေ့ဆုံပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်သောဘင်္ဂါလီများ ခရီးသွားလာရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အခုတစ်လောမှာ နာမည်ရနေတဲ့ သိပ်လှတဲ့ မုဒြာရဲ့ခေါ်သံလေးကိုတော့ (ကိုယ်တိုင် မကြည့်ရသေးပေမယ့်) ဝမ်းသာအားရ ကြိုဆိုချင်ပါတယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ ကျွန်မတို့လို မြန်မာနိုင်ငံသားတွေအတွက် ဒါဟာ မြန်မာအကြောင်းပြထားတဲ့ ရုပ်ရှင်၊ ဒါဟာ ကမ္ဘာကိုချပြလို့ရတဲ့ ရုပ်ရှင်ရယ်လို့ ဝမ်းသာရတာမျိုးပါ။ ပြည်ပက မိတ်ဆွေတွေ ဘယ်သူတွေမေးမေး ကိုးကားစရာ ရုပ်ရှင်ရယ်လို့ မရှိခဲ့လေတော့ ဒီရုပ်ရှင်လေးနဲ့ ခရီးသွားမြှင့်တင်ပေးဖို့ စဉ်းစားမိပါတယ်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှခရီးသွားဧည့်သည်များ ဝင်ရောက်မှုမြင့်တက်ရန် ခရီးသွားဈေးကွက် စစ်တမ်းကောက်ယူရန် စီစဉ်နေကြောင်း မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအုန်းမြင့်က ပြောကြားသည်။