News

POST TAGGED AS

ခရီးသွားလုပ်ငန်း

မြန်မာနိုင်ငံအနေနှင့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှ ခရီးသွားများကို ယခုနှစ် အောက်တိုဘာမှစ၍ ဗီဇာကင်းလွတ်ခွင့် ပြုမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ခရီးသွားများကို ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောကြားသည်။
ရိရေအိုင် ရေရှည်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင် မပျက်စီးစေရန် ဒေသခံများ၏ ပူးပေါင်း ပါဝင်မှုသည် အဓိက လိုအပ်ပြီး အစိုးရအနေနှင့် တားမြစ်မှုများ လုပ်သင့်သော်လည်း မိရိုးဖလာ လုပ်ကိုင်နေသည့် ဒေသခံများ၏ စားဝတ်နေရေးအတွက် အစားထိုး စီစဉ်ပေးရန်လည်းလိုအပ်ကြောင်း
ခရီးသွားလုပ်ငန်းကြောင့် ကာဗွန်ထုတ်လွှတ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်လွှတ်မှု၏ ၈ ရာခိုင်နှုန်းရှိပြီး ယခင်မှန်းဆထားသည်ထက် သုံးဆပိုများသည်ဟု အစီရင်ခံစာအသစ် ထွက်ပေါ်လာကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
Pleasant Myanmar Travel & Tours ခရီးသွားကုမ္ပဏီက ယင်းကုမ္ပဏီဖြင့် ဆက်သွယ်သွားလာမည့် နိုင်ငံခြားသား ခရီးသည်များအတွက် မြန်မာမီးရထားထံ ရေနွေးငွေ့သုံးရထားငှားရမ်းရန် စီစဉ်နေကြောင်း မြန်မာ့မီးရထား၊ ပို့ဆောင်ရေးဌာန အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။
ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဆောင်ရွက်ရန် မြို့နယ်ခြောက်ခုကို လာမည့် ၂ နှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။