News

POST TAGGED AS

ခရီးစဉ်

စင်ကာပူတွင် အလုပ်လက်မဲ့နှုန်းမြင့်တက်၊ ဒုတိယသုံးလပတ်တွင် အလုပ်သမားလျှော့ချမှု ပိုများ
စင်ကာပူ၊ စက်တင်ဘာ ၁၅


စီးပွားရေးအခြေအနေ အားပျော့နေ သောကြောင့် စင်ကာပူတွင် အလုပ်လက်မဲ့ နှုန်း မြင့်တက်လာခဲ့ပြီး ဒုတိယသုံးလပတ် တွင် အလုပ်သမားလျှော့ချမှုများ ပိုမိုများ ပြားခဲ့ကြောင်း ပြည်သူ့အင်အားဝန်ကြီးဌာန (MOM) က ထုတ်ပြန်သည်။

စုစုပေါင်းအလုပ်လက်မဲ့နှုန်းမှာ မတ်လက ၁ ဒသမ ၉  ရာခိုင်နှုန်းသာရှိရာမှ ဇွန်လတွင် ၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သွား ခဲ့ခြင်းဖြစ်ကြောင်း ၀န်ကြီးဌာန၏ နှစ်ဝက် အလုပ်သမားဈေးကွက် အစီရင်ခံစာတွင်  ဖော်ပြထားသည်။ 

နိုင်ငံသားများထဲတွင် အလုပ်လက်မဲ့ နှုန်းမှာ ၂ ဒသမ ၆ ရာခိုင်နှုန်းမှ ၃ ဒသမ  ၁ ရာခိုင်နှုန်း၊ လာရောက်နေထိုင်သူ များထဲတွင် ၂ ဒသမ ၇ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

အသက် ၃၀ နှင့်အထက် လာရောက် နေထိုင်သူများထဲတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခဲ့ပြီး အထူးသဖြင့် အသက် ၅၀ နှင့် အထက်များအကြားတွင် အလုပ် လက်မဲ့နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  သုံးလ ပတ် ၅ ခုဆက်တိုက် အလုပ်လက်မဲ့နှုန်း မြင့်တက်ခြင်းလည်းဖြစ်သည်။ 

ကျွမ်းကျင်အရည်အချင်း မြင့်သူ များထဲတွင်လည်း အလုပ်လက်မဲ့နှုန်း  မြင့်တက်ခဲ့ပြီး ဘွဲ့ရများအလုပ်လက်မဲ့ နှုန်းမှာ ၂၀၀၉  ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံး ဖြစ်လာခဲ့သည်။

စုစုပေါင်း အလုပ်ခန့်အပ်မှုမှာ ၄၂၀၀ မျှ တိုးပွားလာခဲ့သော်လည်း ရှေ့သုံးလ ပတ်က ၁၃၀၀၀ အထိ ရှိခဲ့ခြင်း၊ ယမန်နှစ် ဒုတိယသုံးလပတ်က ၉၇၀၀ မျှရှိခဲ့ခြင်းနှင့် စာလျှင် နည်းပါးသွားခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ် ဒုတိယ သုံးလပတ်တွင် အလုပ်အကိုင်အခွင့် အလမ်းထက် အလုပ်အကိုင်ရှာဖွေသူက  များပြားနေခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

အလုပ်လက်မဲ့များနှင့် လစ်လပ် အလုပ်အကိုင်မှု အချိုးမှာ အလုပ်ရှာသူ  ၁၀၀ လျှင် အလုပ်အကိုင်အခွင့်အလမ်း  ၉၃ ခုဖြစ်ပြီး မတ်လက ၁၀၃ ခုအထိ ရှိခဲ့ သည်နှင့် နှိုင်းယှဉ်လျှင် လျော့ကျသွား ခြင်းဖြစ်သည်။

ယခုနှစ် ဒုတိယသုံးလပတ်အတွင်း  အလုပ်သမားစုစုပေါင်း ၄၈၀၀ လျှော့ချ ခံခဲ့ရပြီး ရှေ့သုံးလပတ်တွင် ၄၇၁၀ သာရှိခဲ့ ခြင်းထက် အနည်းငယ်များပြားခဲ့သလို ယမန်နှစ် ဒုတိယသုံးလပတ်က ၃၂၅၀ သာရှိခဲ့ခြင်းထက်လည်း များပြားခဲ့သည်။ ၂၀၀၉  ခုနှစ်နောက်ပိုင်း အလုပ်အကိုင် လျှော့ချမှု ဒုတိယအမြင့်ဆုံး သုံးလပတ်ဖြစ် သည်ဟုလည်း ပြည်သူ့အင်အားဝန်ကြီး ဌာနက ဖော်ပြသည်။ ယခုနှစ် နှစ်ဝက်အတွင်း စုစုပေါင်း အလုပ်သမား ၉၅၁၀ လျှော့ချခံခဲ့ရပြီး ၂၀၀၉  ခုနှစ်နောက်ပိုင်း အမြင့်ဆုံးပမာဏ ဖြစ်သည်။    



FOLLOW US