News

POST TAGGED AS

ခရစ်ယာန်

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမြို့တွင် ယမန်နေ့ကဖြစ်ပေါ်ခဲ့သော ဘုရားရှိခိုးကျောင်းသုံးကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှု၌ ခြောက်ဦးပါသော မိသားစုတစ်စုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမိသားစုသည် IS အုပ်စုကိုပံ့ပိုးသည့် အစွန်းရောက်အစ္စလာမ္မစ်အုပ်စုဖြစ်သော ဂျမားအန်ဟာ ရွတ်ဒူလာ (JAD) အုပ်စုနှင့် ချိတ်ဆက်မှုရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို CNA သတင်းဌာနက ရေးသားဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဆူရာဘရာရှိခရစ်ယာန် ဘုရားရှိခိုးကျောင်းသုံးခုတွင် အသေခံဗုံးခွဲမှုအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန် ပြည်ထောင်စုတွင် ဂျာဟာသည် အမျိုးသမီးများအား FGM ပြုလုပ်ခြင်းမှ အကာအကွယ်ပေးရန် တိုက်ပွဲဝင်နေသည်မှာ သမ္မတအိုဘားမား လက်ထက်ကတည်းက ဖြစ်သည်။ သူ့ကို ကုလသမဂ္ဂကလည်း FGM ဆန့်ကျင်ရေး သံတမန်တစ်ဦးအဖြစ် အသိအမှတ်ပြုရုံမက Safe Hands for Girls ဆိုသည့် NGO အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေသူတစ်ဦးလည်း ဖြစ်လာသည်။ သူသည်ယခုအခါ ဂမ်ဘီယာတွင် နေထိုင်ပြီး အာဖရိကတိုက်တွင် FGM အလေ့အထဆိုးများ ပပျောက်စေရန် တိုက်ပွဲဝင်နေသည်။
28-Jan-2017 tagged as ခရစ်ယာန်
“တစ်ချိန်က ကျွန်တော့်ကြောင့် ထိခိုက်နစ်နာခဲ့သူများ အားလုံးကို ကျွန်တော် စိတ်ထိခိုက်စွာနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။ ကျွန်တော့်အပေါ် ကျူးလွန်ခဲ့သူတွေကိုလည်း ကျွန်တော်က ခွင့်လွှတ်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ် ခင်ဗျာ”
ခရစ်ယာန်သာသနာ၏ သူတော်စင်ကြီးများစာရင်း အခမ်းအနားဖြင့် မသွင်းရသေးသော ပရဟိတမိခင်ကြီး ကက်သလစ် ဘာသာဝင် သီလရှင်ကြီး မာသာထရီဇာကို ၎င်းကွယ်လွန်ပြီး ၁၉ နှစ် အကြာ၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင် ကြီးမှူးပြီး သူတော်စင် ကြေညာပွဲ ကျောင်းတော်ဌာနချုပ် ဗာတီကန်တွင် ကျင်းပကြောင်း VOA သတင်းက ဖော်ပြထားသည်။