News

POST TAGGED AS

ကွန်မြူနစ်

တရုတ်ကွန်မြူနစ်ပါတီ ပြည်သူ့ကွန်ဂရက်တွင် ဩဇာအကြီးဆုံး တိုင်းပြည်ကို ဦးဆောင်မည့် ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီဝင် စာရင်းကို ထုတ်ပြန်ခဲ့ရာတွင် သမ္မတ ရှီကျင့်ဖျင်နေရာ ဆက်ခံရန် လျာထားသူ မပါဝင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
စစ်ဘက် ရာထူးနေရာများကို ရောင်းစားသည်အထိ အရှက်မဲ့သော ခြစားမှုများနှင့် ပတ်သက်နေသော ထိပ်တန်း ဗိုလ်ချုပ်ကြီးများကို ဖယ်ရှားခဲ့သည့်အပြင် တရုတ်စစ်ဘက်ကို ခေတ်မီအောင် ဆိုသော ရည်ရွယ်ချက်ဖြင့်ပါ ပြုပြင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းရှိ ဒုံးကျည်လက်နက် ထုတ်လုပ်ရေး စက်ရုံတစ်ခုမှ ဒုံးကျည်အချို့ကို အခြားနေရာများသို့ စတင်ရွှေ့ပြောင်းမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု တောင်ကိုရီးယားရုပ်သံ KBS က ဖော်ပြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်တွင် ပြုလုပ်သည့် ကွန်မြူနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လူ ၂၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားလိုက်ကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။
29-Nov-2016 tagged as ကွန်မြူနစ်
ညီဖြစ်သူ ရောလ်ကာ့စ်ထရိုက ၂၀၀၈ ခုနှစ်တွင် အစ်ကိုဖြစ်သူထံမှ အာဏာကို လွှဲယူလိုက်ချိန်က ကွန်မြူနစ် ကျူးဘားနိုင်ငံ၏ စီးပွားရေး အနေအထားမှာ ဆိုးရွားစွာ ရှိနေခဲ့သည်။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကို ခွင့်ပြုထားခြင်းမရှိ။ ကျူးဘားပြည်သူများ လုပ်ဆောင်ခွင့် ရသည်မှာ စားသောက်ဆိုင်ဖွင့်၊ သာမန်ဈေးရောင်း အလုပ်လောက်ကိုသာ လုပ်ကိုင်ခွင့် ရှိကြသည်။ ကွန်မြူနစ်စနစ်ကို ကျင့်သုံးသည်နှင့်အညီ အစိုးရ ကြိုက်အောင် ကုန်ထုတ်လုပ်မှု စွမ်းဆောင်နိုင်သူများသာ အခွင့်အရေးရသည်။ တစ်နည်းဆိုရလျှင် အစိုးရအလုပ်ကို ဝင်လုပ်သူများလောက်သာ အခွင့်အရေး ရကြသည် ဆိုသော်လည်း ဝန်ထမ်းများစွာ အလုပ်ဖြုတ်ခြင်း ခံခဲ့ကြရသည်။
27-Nov-2016 tagged as ကွန်မြူနစ်
ကျူးဘား ကွန်မြူနစ်ခေါင်းဆောင် ဖီဒယ်ကက်စထရို အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားပြီးနောက် ကျူးဘားနိုင်ငံ တစ်လွှားမှ ၎င်းကို ချစ်ခင်လေးစားကြသော ပြည်သူများ လွမ်းဆွတ်တသလျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ကျူးဘားနိုင်ငံ သမ္မတဟောင်းနှင့် ကွန်မြူနစ် တော်လှန်ရေး ခေါင်းဆောင်ကြီး ဖီဒယ်ကက်စထရို (အသက် ၉၀) သည် ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင် ကွယ်လွန်သွားပြီဖြစ်သည်ဟု ကျူးဘား နိုင်ငံပိုင် ရုပ်သံဌာနက သတင်းထုတ်ပြန်သည်။