News

POST TAGGED AS

ကွန်ပျူတာ တက္ကသိုလ်

တောင်ငူ ကွန်ပျူတာတက္ကသိုလ်၌ Product Show 2016 ကျင်းပမည်
တောင်ငူ၊ အောက်တိုဘာ ၅
တတိယအကြိမ်မြောက် ကျင်းပခဲ့သည့် နည်းပညာထုတ်ကုန်ပြပွဲကို တွေ့ရစဉ် (ဓာတ်ပုံ - ဇေယျာကို)

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တောင်ငူ ကွန်ပျုတာတက္ကသိုလ် ကျောင်းသားများ၏ နည်းပညာထုတ်ကုန်ပြပွဲ ProductShow 2016 ကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်ဟု အဆိုပါတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က ပြောကြားသည်။

အဆိုပါနည်းပညာထုတ်ကုန်ပြပွဲတွင် တောင်ငူကွန်ပျုတာတက္ကသိုလ် ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ တီထွင်ဖန်တီးထားသည့် ဆော့ဝဲလ်များကို ပြသသွားမည်ဖြစ်ပြီး အခြေခံပညာမူလတန်း၊ KG တန်းနှင့်ဆိုင်သော ထုတ်ကုန်များ၊ အသုံးအဆောင်းပစ္စည်းများကို ကိုင်တွယ်ထိန်းသိမ်းသည့် နည်းပညာ Electronic Circuit များ သာမက ကွန်ပျုတာ ပညာရပ်လေ့လာလိုသူများနှင့် အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် မိုလ်ဘိုင်းဖုန်းမှတစ်ဆင့် လေ့လာနိုင်သည့် Product များကို ပြသသွားမည်ဖြစ်သည်ဟု တောင်ငူကွန်ပျုတာတက္ကသိုလ် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါတက္ကသိုလ်အနေဖြင့် နည်းပညာထုတ်ကုန်ပြပွဲကို ၂၀၁၃ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ်ကျင်းပမည့် Produt Show ပြပွဲသည် စတုတ္ထအကြိမ်မြောက်ဖြစ်ကာ ပြပွဲမှထွက်ပေါ်လာသည့်ရလဒ် အချို့ကို ဒေသတွင်း လူမှုကူညီရေးအဖွဲ့များနှင့် ဌာနဆိုင်ရာအချို့ကို အခမဲ့လှူဒါန်းပေးသွာမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ကျောင်းသားများ ပါဝင်ရောက်ယှဉ်ပြိုင်သည့် Andriod Mobile Application ပြိုင်ပွဲကိုလည်း ယခုနှစ် သြဂုတ်လ ပထမအပတ်က ကျင်းပနိုင်ခဲ့ကြောင်း အဆိုပါတက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

တောင်ငူ ကွန်ပျုတာတက္ကသိုလ် Andriod Applications ပြိုင်ပွဲမှ ထွက်ပေါ်လာသည့် Kid Dictionary တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်၊ ကွန်ပျုတာ၊ လျှပ်စစ်နှင့် အင်္ဂလိပ်ဘာသာများနှင့်သက်ဆိုင်သည့် Dictionary များ၊ တောင်ငူ ခရီးသွားလမ်းညွှန်စာအုပ်၊ Game ပြိုင်ပွဲများသာမက ဗုဒ္ဓဝင်အကျဉ်းများကို ပြိုင်ပွဲဝင်ခဲ့ကြပြီး ယင်းထုတ်ကုန်များကို ယခုကျင်းပမည့်ပြပွဲတွင် ထည့်သွင်းပြသသွားမည်ဖြစ်သည်။



FOLLOW US