News

POST TAGGED AS

ကွန်ပျူတာ တက္ကသိုလ်

ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅) ရပ်ကွက်၊ သာဓုကန်ကျေးရွာရှိ ကွန်ပျူ တာတက္ကသိုလ်တွင် ဧပြီလ ၄ ရက် နံနက် ၆ နာရီခွဲခန့်က အဆောင်(စီ)အောက်ထပ်ရှိ မော်ကွန်းထိန်းအခန်းတွင် ထိန်းသိမ်း ထားသော ၂၀၁၇ ခုနှစ်၊ မေးခွန်းဟောင်း များနှင့်အဖြေလွှာဟောင်းများ မီးရှို့ဖျက် ဆီးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ ခရီးသွားလာမှု အဆင်ပြေစေရန် ကွန်ပျူ တာတက္ကသိုလ်-ရန်ကုန်ဘူတာကြီး ခရီးစဉ်ကို YBS ၉၄ ယာဉ်လိုင်းက ယနေ့ (မတ်လ ၂၆ ရက်)မှစ၍ ပြေးဆွဲပြီဖြစ်ကြောင်း လူထုမိတ်ဆွေပြည်သူ့အကျိုးပြု ယာဉ်လိုင်းကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် ဦးတရုတ်လေးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေး ကဏ္ဍများတွင် ကွန်ပျူတာနှင့် အိုင်တီ နည်းပညာ ကဏ္ဍတို့သည် ဝန်ထမ်းခေါ်ယူမှု အများဆုံးဖြစ်ကြောင်း အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက် work.com.mm ၏ စစ်တမ်းများအရ သိရသည်။
နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ နည်းပြ၊ သရုပ်ပြ(စီနီယာ၊ ဂျူနီယာ) ဆရာ၊ ဆရာမ ၁၂၀ဝ ခန့်က လက်ထောက် ကထိက ရာထူးအတွက် ရာထူးတိုး စာမေးပွဲဖြေဆိုမည် မဟုတ်ကြောင်း ယင်းဆရာ၊ ဆရာမများထံမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကွန်ပျူတာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားများ ရေးဆွဲထားသော အုပ်ချုပ်ရေးပိုင်း လုပ်ငန်းများနှင့် သက်ဆိုင်သည့် နည်းပညာ ဆော့ဖ်ဝဲ တစ်ခုကို တောင်ငူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ဇန်နဝါရီ ပထမပတ်မှ စတင်ကာ စမ်းသပ် သုံးစွဲနေကြောင်း
ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား သေနတ်မှန် သေဆုံးမှုတွင် တပ်သား မောင်မောင်ကို လူသေမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ရာ သေဆုံးသူ မိသားစုက ထပ်မံ စိစစ် စစ်ဆေးပေးပါရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ စာပို့ တောင်းဆိုမည်
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တောင်ငူ ကွန်ပျုတာတက္ကသိုလ် ကျောင်းသားများ၏ နည်းပညာထုတ်ကုန်ပြပွဲ ProductShow 2016 ကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်ဟု အဆိုပါတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က ပြောကြားသည်