News

POST TAGGED AS

ကွန်တိန်နာယာဉ်

ဆိပ်ကမ်းများ၌ကောက်ခံသည့် ကွန်တိန်နာ (ကုန်သေတ္တာ) ဝန်ဆောင်ခများကို ယခင်က အလုံးလိုက် ကောက်ခံရာမှ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ နှုန်းထားလျှော့ကာ တင်သွင်း၊ တင်ပို့သော ကုန်စည် ပမာဏအရသာ သတ်မှတ်ကောက်ခံတော့မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ထုတ်ပြန်သည်။
ထန်းတပင်မြို့နယ်၊ အေးမြို့ကျေးရွာ၊ အနောက်ပိုင်း တက္ကသိုလ်လမ်းမပေါ်တွင် မေလ ၁၃ ရက် နံနက် ၄ နာရီခွဲခန့်က ယာဉ်ခေါင်းခန်းအတွင်း ခြင်ဆေးခွေမီးထွန်းရာက မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဖွဲ့ထံမှသိရသည်။
မြန်မာနိုင်ငံအတွင်းရှိ ဆိပ်ကမ်းများမှ မသင်္ကာသည့် ကုန်သေတ္တာ (ကွန်တိန်နာ)များကို စစ်ဆေးနိုင်မည့် Control Center ကို ယနေ့ (မေလ ၃၁ ရက်) ရန်ကုန်မြို့ရှိ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)တွင် ဖွင့်လှစ်လိုက်သည်။
ရန်ကုန်တိုင်းအတွင်း ကုန်သယ်ယူခွင့်လိုင်စင်ဖြင့် ကွန်တိန်နာတင်ပါက ယာဉ်မောင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းကိုပါ အရေးယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် ကမ်းနားလမ်းသစ် ကွန်ကရစ်လမ်းပေါ်၌ ကုန်သေတ္တာယာဉ်များကို နေ့ပိုင်း သွားလာခွင့်ပေးမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရှိရသည်။
ကုန်သေတ္တာ (ကွန်တိန်နာ)များ တင်ဆောင်သော ၁၀ ဘီးနှင့် ၁၂ ဘီး ယာဉ်ကြီးများသည် အာဆီယံ စံနှုန်းများနှင့် မကိုက်ညီသောကြောင့် ယခုနှစ်အတွင်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကွန်တိန်နာယာဉ်များ ဖြတ်သန်း သွားလာခွင့်အတွက် မြို့တော်စည်ပင် အခွန်ဌာနတွင် ဖြတ်သန်းသွားလာခွင့် လစဉ် လျှောက်ထားရမည်ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ၀င်ထွက်ခွင့်ကို ကန့်သတ်လိုက်ပြီး နောက်တွင် ၀န်မပါသည့် ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို နံနက် ၁၁ နာရီမှ ညနေ ၃နာရီထိ သွားလာခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်
အကောက်ခွန် ဦးစီးဌာနနှင့် ဆိပ်ကမ်းတွင် ပြည်ပ တင်ပို့မည့် ကုန်ပစ္စည်းများ၊ ပြည်ပမှ မှာယူသည့် ကုန်ပစ္စည်းများ သယ်ဆောင် သွားလာရာတွင် ကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် ကော်မတီ တစ်ရပ် ဖွဲ့စည်း
ရန်ကုန်မြို့တော်အတွင်း ကွန်တိန်နာ (ကုန်သေတ္တာ) ယာဉ်များ အပါအဝင် ကုန်တင်ယာဉ်ကြီးများကို ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) မှ စတင်၍ ည ၉ နာရီမှ နံနက် ၆ နာရီအထိသာ ပြေးဆွဲရမည့် ညဘက်သီးသန့်ပြေးဆွဲမှု အစီအစဉ်ကို အတည်ပြု ကျင့်သုံးခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းတွင် ကွန်တိန်နာယာဉ်များ လမ်းမပေါ်တွင် ရပ်တန့်ထားသဖြင့် လမ်းပိတ်ဆို့လျက် ရှိသည်ကို တွေ့ရစဉ်။