News

POST TAGGED AS

ကျုံး

မန္တလေးကျုံးအတွင်း အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိ
မန္တလေး၊ မေ ၁၁

မန္တလေးမြို့တော်ရှိ ကျုံးရေပြင်အတွင်း အမျိုးသမီးအလောင်းတစ်လောင်းကို ယနေ့ (မေလ ၁၁) မနက်ပိုင်းက တွေ့ရှိ၍ သေဆုံးသူ၏အမည်၊ အသက်၊ နေရပ်လိပ်စာတို့ကို စုံစမ်းဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းအမျိုးသမီးအလောင်းမှာ အင်္ကျီအဝါကွက်၊ လုံချည်အနက်ရောင် ဝတ်ဆင်ထားပြီး အသက် (၄၀) ခန့်ရှိသူဖြစ်ကြောင်း၊ အလောင်းကို ဆယ်ယူပြီး စစ်ဆေးရာ ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း၊ အထွေထွေရောဂါကုဆေသးရုံကြီး (မန္တလေး) သို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ရေနစ်သေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် ၁၉/၂၀၁၈ ဖြင့် အမှုဖွင့်ထားသည်။

M-07



FOLLOW US