News

POST TAGGED AS

ကျူးကျော်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ ကျက်သရေဆောင် နောင်တုံကန်ပတ်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းချနေသူများအနေနှင့် မဖယ်ရှားပါက အရေးယူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ကျူးကျော်စမတ်ကတ် ရသူတစ်ဦးသည် ကျူးကျော်အိမ်ကို အခြားသူတစ်ဦးအား တစ်ဆင့်ပြန်လည်ရောင်းချခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။
မကွေးတိုင်း စလေမြို့နယ် မြို့မရပ်ကွက်ရှိ ရုပ်စုံကျောင်းရှေ့၌ တည်ဆောက်ထားသည့် ဈေးဆိုင်နှင့် သားသတ်ရုံမြေနေရာအတွင်း တည်ဆောက်ထားသည့် ကျူးကျော်အဆောက်အအုံများကို ၁၀ ရက်အတွင်း ဖယ်ရှားပေးရန် ချောက်မြို့ စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားလိုက်သည်။
ထားဝယ် ပိန္နဲတောရပ်ကွက်အတွင်း တည်ဆောက်ထားသည့် အစိုးရအငှားအိမ်ရာတွင် နေရာချထားပေးမည့် ကျူးကျော်များအား ကော်မတီတစ်ရပ် ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလင်းသန့်ထံမှ သိရသည်။
မန္တလေးမြို့ပေါ်ရှိ ပလက်ဖောင်းနှင့် ရေမြောင်းများပေါ် ကျူးကျော်ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များကို စီမံချက်ဖြင့် ဖယ်ရှားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ငပလီအပန်းဖြေစခန်းအနီး ကျူးကျော်ဈေးဆိုင်များ ဖျက်သိမ်းပေးရန် ပြည်နယ်အစိုးရ ညွှန်ကြားချက်ကို ဒီဇင်ဘာလ ၃၀ ရက်အထိ လိုက်နာမှုမရှိသောကြောင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဇန်နဝါရီလဆန်း၌ ဖယ်ရှားမည်ဖြစ်ကြောင်း ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ လမ်းဘေးနှင့် ကမ်းနားတွင် ကျုးကျော်နေသူများကို ဩဂုတ်လတွင် နောက်ဆုံးထားကာ ဖယ်ရှားမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
13-Jun-2017 tagged as ကျူးကျော်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို စာရင်း ကောက်ယူပြီး စမတ်ကတ် ထုတ်ပေးမှုကို ဇူလိုင်လ ၃ ရက်အထိသာ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
12-Jun-2017 tagged as ကျူးကျော်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်မြေများပေါ်တွင် နေရာပြန်လည် ငှားရမ်းနေသူများကို စမတ်ကတ်များ ပြန်သိမ်းမည်ဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုသည်။
07-Jun-2017 tagged as ကျူးကျော်
တောင်ဥက္ကလာပမြို့နယ်တွင် ကျူးကျော်အိမ်ထောင်စု အသိအမှတ်ပြု စာရင်းများကို ဇွန်လ ၈ ရက်တွင် စတင် ကောက်ယူထုတ်ပေးမည်ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ (၁) မှ ဒုတိယတာဝန်ခံ ဦးတင့်လွင်က ပြောသည်။