News

POST TAGGED AS

ကျူးကျော်များ

လှည်းကူးမြို့နယ် အမြန်လမ်းရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားခံရမှုနှင့်ပတ်သက်၍ ဖယ်ရှားခံရသူများ စုပေါင်းကာ လှည်းကူးမှ နေပြည်တော်သို့ ဇွန်လ ၁၅ ရက် နံနက် ၉ နာရီမှစတင်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်မည်
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် လယ်ယာမြေများကို အကွက်ရိုက်ကာ စီးပွားဖြစ် ရောင်းချနေသူများကို အရေးယူရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်ဘုန်းကျော်စံဦးက ပြောကြားသည်။
တစ်ဖက်မှာ ကျူးပြဿနာကို ကိုင်တွယ်ရင်းနဲ့ တိုင်းပြည်စီးပွားရေး အခြေအနေ အမှန်တကယ် ကောင်းဖို့ကို အပြင်းအထန် အားထုတ်သင့်ပါတယ်။ စီးပွားရေး နာလန်ထူမှသာ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာမှာဖြစ်သလို ကျူးသံသရာကနေ လွတ်မြောက်နိုင်မှာလည်း ဖြစ်ပါတယ်။
လှည်းကူးရှိ ကျူးကျော်များမှာ စီးပွားဖြစ် ကျူးကျော်များ ဖြစ်သဖြင့် ဖယ်ရှားရခြင်း ဖြစ်ပြီး ယင်းကျူးကျော်များကို မြေနေရာအစားထိုးနှင့် ဝယ်ယူထားသည့် အိမ်တန်ဖိုးပြန်ပေးရန် မရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးယုခိုင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များကို ပြန်လည် နေရာချထားပေးရန်အတွက် တိုင်းဒေသကြီး အစိုးရက စာရင်း ကောက်ယူလျက်ရှိရာ လေးသိန်းခွဲကျော်အထိ ရှိသောကြောင့် ထင်ထားသည်ထက် ပိုမိုများပြားလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများစာရင်း ကောက်ယူလျက်ရှိရာ ခန့်မှန်းသည်ထက် နှစ်ဆကျော် ရှိနေကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ အကြီးဆုံး ပြဿနာသဖွယ် ဖြစ်နေသော ကျူးကျော်များကို မည်သည့်အချိန်တွင် နေရာချထားပေးမည်ဆိုသည်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အတိအကျ မပြောနိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် ဟံသာဝတီ မြို့ရိုးနှင့် ကျုံး ဟောင်းနေရာများတွင် အုပ်စုဖွဲ့ တုတ်ဓားလက်နက်များ ကိုင်ဆောင်ပြီး ရှေးဟောင်းသုတေသန ဦးစီးဌာနပိုင် မြေနေရာများနှင့် မြေလွတ်မြေလပ်များကို ကျူးကျော်ကာ မြေကွက်ရိုက် ရောင်းချမှုများ ပိုမို များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျူးကျော် နေထိုင်သူများကို ထုတ်ပေးထားသည့် အသိအမှတ်ပြု စမတ်ကတ် ပေါက်ဈေးသည် ကျပ်သိန်း နှစ်ဆယ်ခန့်အထိ ဈေးပေါက်ပြီး အဝယ်လိုက်နေကြောင်း ကျူးကျော်စမတ်ကတ် ကိုင်ဆောင်ထားသူများထံမှ သိရသည်။
"လက်ဗွေစနစ်၊ မျက်လုံးအမှတ် အသားစနစ်နဲ့ အခြား အချက်အလက်တွေကို ကွန်ပျူတာစနစ်နဲ့ ကောက်ယူတာ ဖြစ်ပါတယ်။ ကျူးကျော်စာရင်း ကောက်ယူတဲ့နေရာမှာ ဆော့ဝဲလ်ပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ယာယီ ရပ်ဆိုင်းထားပါတယ်။နည်းပညာဆိုင်ရာ လိုအပ်ချက်တွေ ဆောင်ရွက်ပြီးရင် ပြန်ကောက်မှာပါ"