News

POST TAGGED AS

ကျူးကျော်များ

ပုသိမ်ကြီးမြို့မှ ကျူးကျော်အဆောက်အအုံ ၄၀၀ ကျော်ကိုရှင်း


မန္တလေး၊ ဇူလိုင် ၎

ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ်အတွင်းရှိ ကျူးကျော်အဆောက်အအုံများကို ရှင်းလင်းခဲ့ရာ လက်ရှိအချိန်အထိ အိမ်လေးရာကျော်ကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာစည်ပင်သာယာရေးကော်မတီနှင့် အထွေထွေအုပ်ချုပ်ရေးဌာနတို့ပူးပေါင်းကာ ကျူးကျော်အဆောက်အအုံများကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ရှင်းလင်းရာတွင် အသစ်ထပ်မံကျူးကျော်ဆောက်လုပ်သည့် အဆောက်အအုံများ၊ ရောင်းမှားဝယ်မှား ဖြစ်ခဲ့သည့် မြေနေရာများမှ အဆောက် အအုံများကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

ဇီးအုပ်ကွက်သစ်ရပ်ကွက်သည် လွန်ခဲ့သည့်ငါးနှစ်ခန့်မှစတင်ကာ တရားဝင်မြေပိုင်ဆိုင်မှုဖြင့် နေထိုင်သူအနည်းငယ်အပြင် မြေကွက်လွတ်များတွင် ကျူးကျော်နေထိုင်သူများကြောင့် ဧကသုံးရာခန့်အကျယ်အဝန်းရှိသည့် ရပ်ကွက်တစ်ခုဖြစ်လာကာ အိမ်ခြေသုံးထောင်ခန့်လည်း ရှိကြောင်း ယင်းကွက်သစ်အတွင်း နေထိုင်သူအချို့ထံမှ သိရသည်။

ဇီးအုပ်ကွက်သစ်သည် မူးယစ်ဆေးဝါးသုံးစွဲနိုင်သော နေရာဖြစ်သောကြောင့် မူးယစ်ကျော်စောနေရာတစ်ခု ဖြစ်လာခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှင်းလင်းခဲ့သေးသည်။

ကျူးကျော်အဆောက်အအုံများကို စတင်ရှင်းလင်းသည့် ဇွန်လ ၂၆ ရက်နေ့က ယင်းရပ်ကွက်အတွင်းနေထိုင်သူအချို့က ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့ရာမှ အမျိုးသမီးငါးဦးသည်လည်း နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည်။

M-05



FOLLOW US