News

POST TAGGED AS

ကျိုင်းတုံ

17-Nov-2017

စက်သုံးဆီ
၁၁ လအတွင်း စက်သုံးဆီ တစ်လီတာ ၆၅ ကျပ်တက်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

အတက်ဘက်သို့သာ ဦးတည်နေသော စက်သုံးဆီ ဈေးနှုန်းများသည် ယခုနှစ်စမှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ ၁၁ လအတွင်း လက်လီဈေးနှုန်းသည် တစ်လီတာ လျှင် ၆၅ ကျပ်မြင့်တက်ကြောင်း စက် သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

လက်ကားဈေးနှုန်းမှာလည်း ၁၁ လအတွင်း စက်သုံးဆီတစ်မျိုးလျှင် ကျပ် ၅၀ မှ ၇၀ အထိမြင့်တက်ပြီး ပြည်ပဈေးနှုန်းမှာ ယင်းကာလတူအတွင်း တစ်စည်လျှင် ၆ မှ ၇ ဒေါ်လာအထိ မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီဈေးနှုန်းများ တက်ခြင်းကြောင့် အငှားယာဉ် ပြေးဆွဲသူ၊ ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ကိုယ်ပိုင်ယာဉ်မောင်းများအတွက် အပိုကုန်ကျမှုများကို ဖြစ်ပေါ်စေပြီး မော်တော်ယာဉ်နှင့် ပတ်သက်သည့် လုပ်ငန်း လုပ်ကိုင်သူများအတွက် တန်ဆာခ မြင့်တက်ခြင်းနှင့် သယ်ယူပို့ဆောင်စရိတ် မြင့်တက်ခြင်းများကို ရင်ဆိုင်နေရသည်။

စက်သုံးဆီဈေးတက်ရခြင်းမှာ ပြည်ပဈေးမြင့်တက်ခြင်းနှင့် အမေရိကန် ဒေါ်လာလဲနှုန်းများ အမြင့်ဈေးဖြစ်သည့် တစ်ဒေါ်လာလျှင် ၁၃၀ဝ ကျော်တွင်သာ တစ်နှစ်ပတ်လုံး ရောက်ရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ရှင်းပြပြောဆိုသည်။

စက်သုံးဆီ လက်လီဈေးနှုန်းတွင် ဒီဇယ်တစ်လီတာလျှင် ၇၀ဝ ကျပ်မှ ယခုအခါ ၇၆၅ ကျပ်သို့လည်းကောင်း၊ အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၇၂၀ ကျပ်မှ ယခုအခါ ၇၈၅ ကျပ်သို့လည်းကောင်း၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၇၁၀ ကျပ်မှ ယခုအခါ ၇၇၅ ကျပ်သို့လည်းကောင်း၊ အောက်တိန်း ၉၅ တစ်လီတာ လျှင် ၇၅၀ ကျပ်မှ ယခုအခါ ၈၁၅ ကျပ်သို့ လည်းကောင်း ဈေးများမြင့်တက်ပြီး လက်ကားဈေးနှုန်းတွင် ဒီဇယ်တစ်လီတာလျှင် ၆၆၄ ကျပ်မှ ယခုအခါ ၇၃၀ ကျပ်သို့လည်းကောင်း၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၆၈၆ ကျပ်မှ ယခုအခါ ၇၄၅ ကျပ်သို့လည်းကောင်း၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၆၆၀ ကျပ်မှ ယခုအခါ ၇၃၀ ကျပ်သို့လည်းကောင်း၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၇၁၀ ကျပ်မှ ယခုအခါ ၇၆၀ ကျပ်သို့လည်းကောင်း ဈေးနှုန်းများ မြင့်တက်ကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

ပြည်ပ စက်သုံးဆီဈေးနှုန်းတွင် ယခုနှစ်စက အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၇ မှ ယခုအခါ ဒေါ်လာ ၇၃ ဒေါ်လာကျော်သို့လည်းကောင်း၊ အောက်တိန်း ၉၅ တစ်စည်လျှင် ဒေါ်လာ ၇၀ မှ ယခုအခါ ၇၆ ဒေါ်လာကျော်သို့လည်းကောင်း၊ ဒီဇယ်တစ်စည်လျှင် ဒေါ်လာ ၆၆ မှ ယခုအခါ ၇၃ ဒေါ်လာကျော်သို့လည်းကောင်း၊ အဆင့်မြင့် ဒီဇယ်တစ်စည်လျှင် ဒေါ်လာ ၆၇ မှ ၇၄ ဒေါ်လာကျော်သို့လည်းကောင်း မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US