News

POST TAGGED AS

ကျိုက်ထီးရိုး

ဖွင့်ပွဲနေ့တွင် စီးနင်းသူ များပြားကာ ကေဘယ်လ်ရထား၏ တွဲတံခါးများ ချို့ယွင်းမှု များရှိသောကြောင့် ကေဘယ်လ်ရထား ပြေးဆွဲခြင်းကို ရပ်နားထားရာ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဘုရားဖူးများကို တစ်ဦးချင်းတန်းစီစနစ်ဖြင့် စီးနင်းစေခဲ့ရာ လာရောက်စီးနင်းသူ ဘုရားဖူး တစ်ထောင်ခန့်ရှိသည်ဟု Sky Asia Co., Ltd. ၏ စီမံကိန်း အထူးအကြံပေး ဦးမျိုးဝေက ပြောကြားသည်။
ရသေ့တောင်မှ ဆံတော်ရှင် ကျိုက်ထီးရိုးသို့ ဒီဇင်ဘာလ ၁၅ ရက်ကစတင် ဖွင့်လှစ်ပြေးဆွဲသော ကေဘယ်လ်ရထားမှာ တံခါးများ ပျက်စီး၍ ယင်းနေ့တွင်ပင် ရပ်နားခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်တွင် ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း Asia Co., Ltd. ၏ စီမံကိန်းအထူးအကြံပေး ဦးမျိုးဝေက ပြောကြားသည်။
ကျိုက်ထီးရိုး ကေဘယ်ရထားဖွင့်ပွဲနေ့တွင် အနယ်နယ် အရပ်ရပ်မှ ပြည်တွင်း ပြည်ပ ဘုရားဖူးများ ထောင်နှင့်ချီ စီးနင်လျက်ရှိသည်ဟု Sky Asia Co. Ltd မှ အထူးအကြံပေး ဦးမျိုးဝေက ပြောကြားသည်။
ကျိုက်ထီးရိုးတွင် ဝိနည်းတော်နှင့်မညီဘဲ ဝတ္ထုငွေရရေး အပြိုင်အဆိုင် အလှူခံနေသည့် သံဃာ၊ ရသေ့၊ သီလရှင်များကို ပြည်နယ်အဆင့် သံဃနာယကအဖွဲ့က ဒီဇင်ဘာလအတွင်း ပညာပေး စည်းရုံးမည်ဖြစ်ကြောင်း သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ကြောင့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကျိုက်ထိုဟိုတယ်ကို လိုင်စင် စည်းကမ်းနှင့် ညီညွှတ်မှု ရှိ၊ မရှိ သိရှိရန် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စသုံးလုံးအဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောကြားသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် ပြေးဆွဲမည့် ကျိုက်ထီးရိုး ကေဘယ်လ် ရထားစီမံကိန်းသည် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာ ဒုတိယပတ်တွင် စတင် ပြေးဆွဲနိုင်မည်ဖြစ်ရာ ယာဉ်စီးခကို ကနဦး တစ်ဦးလျှင် ကျပ် ၃၀ဝ၀ သတ်မှတ်ထားကြောင်း Sky Asia Co.,Ltd. ၏ စီမံကိန်းအထူး အကြံပေး ဦးမျိုးဝေက ပြောကြားသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် ပြေးဆွဲမည့် ကျိုက်ထီးရိုး ကေဘယ်လ်ရထား စီမံကိန်းသည် ၁၀ဝ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်သည့်အတွက် လာမည့် ဒီဇင်ဘာလအတွင်း စတင် စီးနင်းနိုင်မည်ဖြစ်ကြောင်း Sky Asia Co., Ltd. ၏ စီမံကိန်း အကြံပေးအရာရှိ ဦးအောင်သန်းက ပြောကြားသည်။
သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားရင်ပြင်တော်ပေါ်တွင် မည်သည့်ဈေးသည်ကိုမျှ ဈေးရောင်းချခွင့် မပြုဘဲ ဈေးလာရောင်းသည့် ပျံကျဈေးသည် ၃၀ ခန့်ကို ဖမ်းဆီး အရေးယူထားပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောကြားသည်။
မွန်ပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်သည့် ကျိုက်ထီးရိုး ဘုရားပေါ်တွင် ကြည်ညိုဖွယ်မဖြစ်ဘဲ အလှူခံနေသည့် ရဟန်း၊ ရသေ့၊ ကိုရင်၊ ယောဂီ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်တွင် စစ်ဆေးမေးမြန်း၍ သံဃာအချို့ကို လူဝတ်လဲစေခဲ့ကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား ရှေးဟောင်း ယဉ်ကျေးမှုဇုန်ဝင်ကြေးကို ကျပ် ၁၀,ဝ၀ဝ အထိ တိုးမြှင့် ကောက်ခံလိုက်သည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။