News

POST TAGGED AS

ကျိုင်းတုံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဆွတ်ဆိုင်ကျေးရွာနေ အသက် ၂၀နှစ်အရွယ် သူနာပြုဆရာမကို လိမ်လည်ပေါင်းသင်းပြီး လက်ထပ်ခဲ့သည့် အိမ်ထောင်ရှင် အမျိုးသားအား ဖေဖော်ဝါရီလ ၂၁ ရက် ညပိုင်းက တစ်လင်တစ်မယား ဥပဒေအရ အရေးယူထားကြောင်း ဝမ်ပုံနယ်မြေရဲစခန်းထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်တွင် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ပြီးသော်လည်း ဝန်ထမ်းများ မခန့်နိုင်၍ သုံးနှစ်ကြာသည်အထိ မဖွင့်နိုင်သေးကြောင်း ယင်းဆေးရုံအုပ် ဦးမြင့်ခိုင်က ပြောကြားသည်။
19-Jan-2018 tagged as ကျိုင်းတုံ စာ
အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၌ လုပ်အားပေးကြမည့် ဒေသခံ ၄၀၀ ခန့်ကို ဇန်နဝါရီလ ၁၈ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နည်းပြသင်တန်းပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာဇော်ဝင်းက ပြောသည်။
14-Jan-2018 tagged as ကျိုင်းတုံ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဟွေပါကူးကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ရန်ပုံငွေ သိန်း ၃၀၀ ကျော်ကို ကိုယ်ကျိုး သုံးသည်ဟုဆိုကာ ဇန်နဝါရီလ ၁၁ ရက်က အမှုဖွင့်ထားကြောင်း ယင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှူး ဦးကြည်စောက ပြောကြားသည်။
ယမန်နေ့နံနက် အရုဏ်တက်ခါနီးအချိန်က တာချီလိတ်မြို့ အချုပ်ထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် တရားခံနှစ်ဦးနှင့် အမှုစစ်ဆေးဆဲ အချုပ်သားသုံးဦး အချုပ်ခန်းအမိုးကိုဖောက်ကာ ထွက်ပြေးသွားခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရှိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းတုံ-လွိုင်မွေလမ်း မိုင်တိုင်အမှတ် (၈/၄) အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က အမျိုးသမီးငယ်တစ်ဦးကိုသတ်၍ မီးရှို့ အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်သူတစ်ဦးကို ဇန်နဝါရီလ ၁ ရက်မှစတင်ကာ စစ်ဆေးနေပြီဖြစ်ကြောင်း ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ဆွေက ပြောကြားသည်။
အရက်ယူသောက်သော အသက် ၄၂ နှစ်အရွယ် အမျိုးသမီးကို ခင်ပွန်းက သတ်ဖြတ်ခဲ့မှု ရှမ်းပြည်နယ် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ လမ်းပေါ်တွင် ဒီဇင်ဘာလ ၃၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိက ပြောကြားသည်။
တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက် နယ်စပ်ချောင်းရေဆိပ်အနီးတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦးထံမှ သေနတ်နှစ်လက် ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ (အောက်တိုဘာ ၆ ရက်) နံနက် ၈ နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
21-Sep-2017 tagged as ကျိုင်းတုံ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ မယ်ဆွမ်မြောက်ရပ်ကွက်တွင် နေအိမ်ကုန်စုံဆိုင်၌ အရက်နှင့် ဘီယာများ ရောင်းချသည့် အမျိုးသားနှစ်ဦးကို ရှမ်းယစ်မျိုး ဥပဒေအရ အရေးယူထားကြောင်း မိုင်းဆတ်မြို့မ ရဲစခန်းထံမှ သိရသည်။