News

POST TAGGED AS

ကျိုင်းတုံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် မိုင်းဆတ်မြို့တို့တွင် မတ်လ ၈ ရက်နေ့က အမျိုးသားသုံးဦးထံမှ ဘိန်းစိမ်းနှင့်ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမတွင် မတ် ၇ ရက် နံနက် ၁၀ နာရီခွဲခန့်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဝက်အတွက် မြို့ပေါ်နှင့်ကျေးလက် သားသတ်လိုင်စင်များကို သက်တမ်းတိုးစနစ်ဖြင့် ရောင်းချခဲ့ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်းတွင် မတ်လ ၅ ရက်မှ စတင်ကာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဖွင့်လှစ်ခဲ့ရာ ပြည်နယ်တွင်းရှိ မြို့နယ်များမှ အမျိုးသားများအပါအဝင် အယောက် ၄၀ တက်ရောက်ကြောင်း ယင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်ခင်မြင့်က ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် တပ်မတော်အပါအဝင် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၂၈ မှ မတ်လ ၃ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ တရားမဝင် ပိတောက်ခွဲသားနှင့်ထင်းရှူးခွဲသား တန် ၁၀၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းပြည်နယ် သစ်တောဦးစီးမှူး ဦးစိုးမြင့်သိန်းက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းတုံတက္ကသိုလ်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုပွဲကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် သွေးလှူဒါန်းပေးသူများကို မတ်လ ၂ ရက်က စတင်၍ အသည်းရောင်အသားဝါ (B ပိုး) ကာကွယ်ဆေးများ အခမဲ့ထိုးပေးနေကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ် မြို့နယ် ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ်(၆၉၇) အနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂ နာရီခန့်က ခရီးသည်တင်ယာဉ်ကို သေနတ်ဖြင့်ပစ်သည့် ပြည်သူ့စစ်အဖွဲ့ဝင်ကို ဖမ်းမိကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးအောင်လင်းခိုင်က ပြောကြားသည်။
ရှမ်းစော်ဘွားများ အစဉ်အဆက်အုပ်ချုပ်ခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ရှေးယခင် ဈေးဟောင်းနေရာနှင့် စော်ဘွားကြီးလုပ်ကြံခံရသည့်နေရာတွင် မတ်လ ၂ ရက်၌ စော်ဘွားဈေးနေ့ ကျင်းပမည်ဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးစိုင်းဟောင်ခမ်းက ပြောကြားသည်။
ကျိုင်းတုံမြို့တွင် ၁၀ တန်း ကျောင်းသူကို အမျိုးသားနှစ်ဦးက လူသတ်မီးရှို့ အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့မှုကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင် တရားသူကြီး ဦးမျိုးဆွေဦးက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်နှင့်မိုင်းဖြတ်မြို့နယ်တို့ရှိ ဒေသခံတောင်သူများကို မိုးစပါးစိုက်ပျိုးစရိတ်များ ထုတ်ချေးခဲ့ရာ သတ်မှတ်ရက် ဖေဖော်ဝါရီလမကုန်မီ ရာနှုန်းပြည့်နီးပါး ပေးဆပ်ပြီးဖြစ်ကြောင်း ကျိုင်းတုံမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသက်လွင်က ပြောကြားသည်။