News

POST TAGGED AS

ကျိုင်းတုံ

ကျိုင်းတုံတွင် ကျပ်သိန်းနှစ်သောင်းခွဲကျော်ဖိုး အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ


ကျိုင်းတုံ၊ မေ ၁၃ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် နောင်နွန်းပူးပေါင်းစစ်ဆေးရေး စခန်းရှောင်ကွင်းလမ်းတွင် မေလ ၁၃ ရက်မွန်းတည့်ချိန်က VIGO ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း နှစ်သောင်းခွဲကျော်ဖိုးရှိ အိုက်စ် (ICE) မူးယစ်ဆေးများ ဖမ်းမိကြောင်း အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်ဝင်းထွန်းက ပြောကြားသည်။ 

“မိုင်းယန်းမှာနေတဲ့ မိသားစုသုံးဦးစီးလာတဲ့ ယာဉ်နောက်ခန်းထဲကနေ ICE ၁၀၃ ကီလို ဖမ်းမိခဲ့တယ်၊ မူးယစ်ဆေးဝါးတွေက တာချီလိတ်သွားပို့မှာလို့ သိရတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါယာဉ်ပေါ်မှာ ICE မူးယစ်ဆေးဝါး ၁၀၃ ကီလို၊ မြန်မာကျပ်ငွေ သုံးသိန်း၊ တရုတ်ယွမ်ငွေ ၄၄၀၀၊ ထိုင်းဘတ် ငွေ ၅၃၈၀၀ နှင့် လက်ကိုင်ဖုန်း သုံးလုံးတို့ သိမ်းဆည်းရမိခဲ့ပြီး ဦးအိုက်နွမ်း(၄၄ နှစ်)၊ ကိုအိုက်ရီ (၂၃ နှစ်) နှင့် ဒေါ်နန်းနွန်းရှဲန် (၄၀ နှစ်) တို့ကို မူး/စိတ် ဥပဒေများအရ အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။ 

R-16



FOLLOW US