News

POST TAGGED AS

ကျိုက်ထီးရိုး

24-Aug-2018

ဂေါပက တောင်ငူ
မြတ်စောညီနောင် ဘုရားဂေါပကအဖွဲ့မှ ငွေစာရင်းရှင်းလင်းပေးရန်တောင်းဆို
တောင်ငူ၊ ဩဂုတ် ၂၃

တောင်ငူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား၏ ဂေါပကအဖွဲ့အနေနှင့် နှစ်ပေါင်း ၂၀ နီးပါး တာဝန်ယူထားသည့်ကာလမှ ငွေစာရင်းရှင်းတမ်းများကို ထုတ်ပြန်ပေးရန် ယင်းဘုရားအနီးရှိ ရွှေမင်းဝံကျေးရွာဒေသခံများက တောင်းဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့က သောင်ကျေးရွာအုပ်စု ရွှေမင်းဝံကျေးရွာ ဒေသခံများမှ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာတွင် ငွေစာရင်းရှင်းလင်းပေးရန်၊ ဂေါပကအဖွဲ့အသစ်ရွေးရန်နှင့် ဘုရားဂေါပက သိမ်းဆည်းမြေများကို ပြန်လည်ပေးအပ်ရန် ယင်းဒေသခံများက တောင်းဆိုခဲ့ကြသည်။

“ကျွန်တော်ပြောချင်တာ ရှင်းရှင်းလေးပဲ။ ဘုရားကတစ်နှစ်ကို အရပ်ရပ်အလှူငွေ ကျပ်သိန်းတစ်ထောင်ကျော်ရတယ်။ ဘုရားသာသနိက အဆောက်အအုံတွေက ဘာမှမတိုးတက်လာဘူး”ဟု ဦးဆောင်သူ ဦးမောင်မောင်က ပြောဆိုသည်။

၂၀၁၇ ခုနှစ်က စိန်တော်စေတီ စိန်ဖူးတော်နှင့် ကျပ်သိန်းထောင်ချီတန်သည့် ရတနာပစ္စည်းများ ပျောက်ဆုံးခဲ့ရာတွင် တရားခံကို ထုံးဘိုနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားသော်လည်း ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း ထိုသို့ ခိုးယူခံရခြင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၁၂ ရက်နေ့က တောင်ငူမြို့တွင်း၌ ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါစေတီ၏ ဝင်ငွေထွက်ငွေစာရင်းများကို ခရိုင်နှင့်တိုင်းဒေသကြီး အပါအဝင် နေပြည်တော် သာသနာရေးဝန်ကြီးဌာနထံ လစဉ်၊ နှစ်စဉ်တင်ပြရကာ သိရှိလိုသူများအနေနှင့် အဆိုပါဌာနများထံ စုံစမ်းနိုင်ကြောင်း မြတ်စောညီနောင် ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။

“ကျွန်တော်တို့ နုတ်ထွက်ပေးဖို့ဆိုတာက သာသနာရေးနဲ့ ဩဝါဒါစရိယ ဆရာတော်တွေ ထွက်ခိုင်းရင် အချိန်မဆိုင်း ထွက်ပေးမယ်”ဟု ၎င်းက ပြောကြားသည်။  

R-15



FOLLOW US