News

POST TAGGED AS

ကျိုက်ထီးရိုး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် ဂေါပကအဖွဲ့ဝင်များကို ယခုနှစ် တောင်ဖွင့်ပွဲ (သီတင်းကျွတ် လပြည့်နေ့) မတိုင်ခင် အပြီးသတ်ရွေးချယ်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား တောင်ပေါ်သို့ Cable Car စီမံကိန်းအသစ်တစ်ခု ထပ်မံပြေးဆွဲရန် စီစဉ်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အမှိုက်မီးရှို့စက်ထားရှိရေး စီစဉ်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွေဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံမှ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်မြတ်ကြီးတည်ရှိရာ ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ၂၀၁၇ ခုနှစ် နိုင်ငံခြားခရီးသွားများထံမှ ဇုန်ဝင်ကြေး ကျပ်သိန်းပေါင်း ၉၀၀၀ နီးပါး ကောက်ခံရရှိသည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြေးဆွဲမည့် ကေဘယ်လ်ကား စီမံကိန်းသည် ကျိုက်ထီးရိုးဘုရားပွဲအမီ ပြေးဆွဲနိုင်ခြင်း မရှိသေးဟု စီမံကိန်း တာဝန်ရှိသူထံမှ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဒေသရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များကို ယမန်နှစ်ထက် ရန်ပုံငွေ ၁၀ ရာခိုင်နှုန်း တိုးကောက်ပြီး ယခင်လူဟောင်းများကိုသာ လုပ်ပိုင်ခွင့် ပေးသွားမည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားပွဲရာသီအတွင်း ဇုန်ဝင်ကြေးအဖြစ် ကျပ်သိန်းပေါင်း ၅၀၀၀ ခန့် ရရှိသည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရသည်။
“ဘုရားဖူးပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် အလှူခံတာမျိုး မလုပ်ဖို့ ညွှန်ကြားထားပြီးသားပါ”
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၊ ပရိဝုဏ်အတွင်း ရိုးရိုးလေးဟိုတယ်က ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် အဆောက်အအုံ အမြင့်ပေ ၃၀ နှင့် အထက် အခန်းများကို စတင်ဖျက်သိမ်းနေကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနနှင့် အဆိုပါ ဟိုတယ် တာဝန်ရှိသူများထံမှ စုံစမ်းသိရရှိသည်။
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ တောင်တက်မော်တော်ကား ပြေးဆွဲခွင့် ရရှိရေး ကင်မွန်းချောင်း ကျေးရွာခံ ၃၀၀ ခန့်တို့က ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။