News

POST TAGGED AS

ကျန်းမာရေး

အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများတွင် အသင့်စားမုန့်များ ကင်းစင်ရေး (Junk Food Free) အဖြစ် ဆောင်ရွက်ရန် ကြိုးစားလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ခေတ္တဌာနမှူး ဒေါက်တာသန်းသန်းလွင်က ပြောကြားသည်။
ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ကျန်းမာရေးကဏ္ဍမြှင့်တင့်ရန်ကိစ္စကို လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
နိုင်ငံရေး အကျဉ်းသားများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု စင်တာကို ဒဂုံမြို့သစ်(မြောက်ပိုင်း) ၆ ရပ်ကွက်၊ ခါတော်မီလမ်းတွင် ဆောက်လုပ်နေပြီဖြစ်ကြောင်း အဆိုပါစင်တာမှ အလုပ်အမှုဆောင် ကိုရာဇာက ပြောကြားသည်။
ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) အဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း မျိုးဆက်ပွားကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်မည်ဖြစ်ပြီး ထို တိုးချဲ့လုပ်ငန်းစီမံချက် အသစ်နှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၃ သန်းကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။
လူမှုဖူလုံရေးကြေး ပေးသွင်းသူ အလုပ်သမား ၁၁ သိန်းကျော် ရှိလာခြင်းကြောင့် လစဉ် ကျန်းမာရေးအသုံးစရိတ် ကျပ်သန်းတစ်ထောင်ခန့်သုံးစွဲကာ ဝန်ဆောင်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ပြောကြားသည်။
31-Jan-2018 tagged as ကျန်းမာရေး
“ကိုယ့်မျက်စိရှေ့မှာမြင်နေရတဲ့ စားသောက်ဆိုင်အများစုက သန့်ရှင်းမှုအားနည်းနေတာကို တွေ့ရတယ်”
30-Jan-2018 tagged as ကျန်းမာရေး
ရင်သားအကျိတ်တွေ့ရာမှ အထူးကုဆေးရုံကြီးတစ်ရုံတွင် Check-up လုပ်ကြည့်ရာ ကင်ဆာသံသယ။ ချက်ချင်း ခွဲစိတ်ရန်သင့်ကြောင်း၊ သောက်ဆေးမှာ လက်တစ်ခုပ်စာ သောက်သော်လည်း မထူးခြားကြောင်း၊ ခွဲစိတ်ရန်သာ တွင်တွင်တိုက်တွန်းနေကြောင်း၊ ထိုရက်ပိုင်း အစာမစားနိုင် မသောက်နိုင်ဖြစ်၍ ပိန်သွားကြောင်း၊ နောက်ဆုံး ထိုင်းနိုင်ငံသို့ ပြေးရကြောင်း၊ လက်ရှိတွေ့နေရစဉ်တွင် ရွှန်းရွှန်းကိုဝေလို့ အရင်အတိုင်း သွက်လက်ဖျတ်လတ်နေသည်။ အကြောင်းမှာ ထိုင်းတွင် အလုံးစုံစစ်လိုက်ရာ ကင်ဆာမဟုတ်ကြောင်း၊ ဓာတ်တစ်မျိုးချို့တဲ့၍ဖြစ်ကြောင်း ဆေးအချို့ညွှန်လိုက်ကာ ပြန်ဖို့ခွင့်ပြုလိုက်ကြောင်း...
ယာဉ်မောင်းများ၊ ခရီးသည်များနှင့် ကားဂိတ်ဝန်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အဓိက ရည်ရွယ်သည့် အခမဲ့ဆေးခန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကားလေးကွင်းအတွင်း ဇန်နဝါရီ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း မုံရွာမြို့နယ် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ (ယ-စ-က)ထံမှ သိရသည်။