News

POST TAGGED AS

ကျန်းမာရေး

စင်ကာပူ နိုင်ငံသားလေးပုံတစ်ပုံခန့်၏ ကျန်းမာရေးအချက်အလက်များ ဖောက်ထွင်းခံရ


စင်ကာပူ၊ ဇူလိုင် ၂၂

စင်ကာပူနိုင်ငံသား ၁ ဒသမ ၅ သန်းခန့်၊ တစ်နည်းအားဖြင့် လူဦးရေလေးပုံတစ်ပုံ ခန့်ပိုင်ဆိုင်သော ကျန်းမာရေးဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို ဟက်ကာများက ခိုးယူခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။

ရည်ရွယ်ချက်ရှိရှိ၊ ပစ်မှတ်ထားပြီး စနစ်တကျစီမံဆောင်ရွက်၍ အစိုးရကျန်း မာရေးအချက်အလက် ဗဟိုကို ဖောက်ထွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည်။

၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှ ယခုနှစ် ဇူလိုင်လ ၄ ရက်နေ့အတွင်း ဆေးမှတ်တမ်းများကို ပစ်မှတ်ထားဖောက်ထွင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဖောက်ထွင်းခံရသည့် အချက်အလက်များထဲတွင် အမည်နှင့် လိပ်စာများပါရှိသွားသော်လည်း ဆေးမှတ်တမ်းများမပါရှိခဲ့ကြောင်း၊ အချို့သူများအတွက် မည်သည့်ဆေးများ တိုက်ကျွေးသုံးစွဲခဲ့သည်ဆိုသည့် အချက်အလက်များမှာမူ ပါရှိသွားခဲ့သည်။

“ပြင်ပင်လူနာနဲ့ပတ်သက်တဲ့အချက် အလက်တွေထဲမှာ လူနာ ၁၆၀၀၀၀ လောက်အတွက် ဘာဆေးတွေပေးတယ်ဆိုတဲ့ မှတ်တမ်းတွေတော့ ပါသွားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်းအချက်အလက်များ ပြင်ဆင်ခြင်း၊ ဖျက်ဆီးခံရခြင်းမျိုးမရှိခဲ့ဟု ဆိုသည်။ ဆေးစစ်တမ်း၊ ဆေးစစ်ချက်ရလဒ်များ သို့မဟုတ် ဆရာဝန်၏ မှတ်ချက်များ ကဲ့သို့သောအခြားလူနာမှတ်တမ်းများမှာမူ ပေါက်ကြားခဲ့ခြင်းမရှိဟုဆိုသည်။ အခြားသော ပြည်သူ့ကျန်းမာရေးဆိုင်ရာအိုင်တီစနစ်များ ဖောက်ထွင်းခံရမှုလည်းမရှိကြောင်း စင်ကာပူအာဏာပိုင်တို့ကထုတ်ပြန်သည်။

F-03



FOLLOW US